အထက်-မေ့ခြင်းနှင့် သေခြင်းများ၌ အကျိုး၏ အကျိုးဟူ၍ ဖော်ပြခဲ့၏။
ထိုစကားထက် အဓိပ္ပာယ်နက်စေသောစကားမှာ -
မမေ့ခြင်းအကြောင်းခံကြောင့် မသေခြင်းအကျိုး ခံစားရခြင်း ဖြစ်ပါချေ၏။
ထိုတွင် -
မမေ့ခြင်းကိုလျှင် ဦးစွာလက်ငင်း၊ နောင်အကြွေးအားဖြင့် အကြောင်းခံနှစ်မျိုး ထားရပါမည်ကို ညွှန်းဆိုလို၏။
သင်သည် စားစား၊ သွားသွား၊ နားနား၊ နေနေ၊ ကျီးသည် အစာကိုလည်းစား၊ ရန်သူကိုလည်း အလစ်မပေးသည့်ပမာ -
(က) တစ်ဘက်က မိမိပြုကျင့်မြဲ ခန္ဓာဝန်၊ ကမ္မ၀ဋ်ကိုလည်း မချွတ် ပြုကျင့်ရပါမည်။
(ခ) တစ်ဘက်ကလည်း ဆွမ်းဆန်ထဲ ကြွက်ချေးအရောမခံရအောင် အမှတ်တင်၍ ဆင်ခြင်ဉာဏ် ၀င်ရပါမည်။
ထိုအလေ့အထသည် -
မသေခြင်း၏ အကြောင်းခံ အမှန်ပင် ဖြစ်နေပါတော့သည်။ အဘယ်ကြောင့်ဆိုသော် -
(၁) ရုတ်တရက် တိုးဝင်လာသော အန္တရာယ်ကို ခေါင်းအေးအေးဖြင့် ရှောင်တိမ်းနိုင်ပြီး ဖြစ်၍တည်း။
(၂) ထို အန္တရာယ်ကို အကြောင်းပြု၍ အတွင်းကိလေသာရန်များ မထကြွ၊ မလူံ့ဆော်နိုင်တော့၍တည်း။
(၃) အတွင်ကိလေသာပူ၊ မဆူမပွက်လာရကား ကိုယ့်ကိုကိုယ် ကောင်းကောင်း ထိန်းနိုင်ပြီဖြစ်၍တည်း။
ထိုလူသား အန္တရာယ်အတွင်း စက်ကွင်းမိမည်ကို မပူရတော့ပါပြီ။
ထိုလူသားဖြစ်ဆဲဘ၀၊ ဖြစ်ဆဲအန္တရာယ်ကြောင့် မသေရတော့ပါပြီ။
ဤကား လက်ငင်းအကြောင်းခံ၏ လက်ငင်းအကျိုးတရားတည်း။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment