ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 1 March 2013

အန္တရာယ်အမျိုးမျိုး လက်ချိုးမရေနိုင်

အထက်ဆိုခဲ့ပြီး'

(က) အတွင်းရန်၊ အပြင်ရန် အန္တရာယ်များ

(ခ) အတိတ်ကံ၊ ပစ္စုပ္ပန်ကံ အန္တရာယ်များ

ထို ခေါင်းဆီးနှစ်ခုတို့အတွင်းမှ ခုန်ဆင်းလာကြလေသော အန္တရာယ်ဆိုး၊ ဘေးရန်အမျိုးမျိုးတို့ကား စာရင်းထိုး ပြ၍မရနိုင်။


တစ်ခါတစ်ခါ ခံရလေမှ အော်… ဒါ အန္တရာယ်ပေးကိုး သိရမည်။

တစ်မျိုးတစ်မျိုး ပေါ်လာလေမှ အော်… ဒါဘေးငြောင့်၊ ရန်ငြောင့်ပေကိုး သိရမည်။

သင်တစ်နေ့တစ်နေ့ အတွင်း သင့်ရှေ့ တွေ့သမျှတို့က -

၁။ သင် အကြိုက်တွေ့နေတုန်း တိုက်ဖျက်ထားခဲ့သော အန္တရာယ်အရေအတွက်။

၂။ သင် အမုန်းဖောက်နေတုန်း တိုက်ဖျက်ထားခဲ့သော အန္တရာယ်အရေအတွက်။

၃။ သင် အမေ့ကောက်နေတုန်း တိုက်ဖျက်ထားခဲ့သော အန္တရာယ်အရေအတွက်။

သင် အမှတ်မမိသဖြင့် မမှတ်မိလျှင်သာ ရှိရမည်။

(က) ခံကောင်းနေဆဲ သာသာလေးနှင့် တူးဖြိုထားခဲ့သဖြင့် ခံလိုက်ရသော ရုပ်ပျက်၊ နာမ်ပျက် ဒဏ်ရာဒဏ်ချက်ကား မနည်းပါးခဲ့ပြီ။

(ခ) အခံဆိုးနေဆဲ နာနာလေးနှင့် တူးဖြိုထားခဲ့ပြန်သဖြင့် ခံလိုက်ရသော ရုပ်ပျက်နာမ်ပျက် ဒဏ်ရာဒဏ်ချက်ကား မနည်းပါးလှပြီ။

(ဂ) ခံမြဲခံဆဲ မသိမသာလေးနှင့် တူးဖြိုဖျက်ထားခဲ့သဖြင့် ခံလိုက်ရသော ရုပ်ပျက်၊ နာမ်ပျက် ဒဏ်ရာဒဏ်ချက်ကလည်း မနည်းပါးလှပြီ။

ထိုထို အန္တရာယ်အပေါင်းတို့ကို တူရာစု၍ ရေတွက်သော် -

(၁) စိတ်ဖြစ် ကိလေသာဝဋ်၊ အတွင်းရန်ကြောင့် ခံရသော ဘေးအန္တရာယ်အသွယ်သွယ်။

(၂) ကိုယ်ဖြစ် ကမ္မ၀ဋ် ပြင်ပရန်ကြောင့် ခံရသော ဘေးအန္တရာယ် အသွယ်သွယ်။

(၃) ကိုယ်ဖြစ်၊ စိတ်ဖြစ် ၀ိပါက၀ဋ် တွင်းပြင်ရန်ကြောင့် ခံရသော ဘေးအန္တရာယ် အသွယ်သွယ်။

(၄) ထိုသုံးပါး ပေါင်းစာအားဖြင့် မပြစ်မှားသင့်သည်ကို ပြစ်မှားမိခဲ့ရာမှ ခံရသော ဘေးအန္တရာယ်အသွယ်သွယ်။

(၅) ထိုသုံးပါး ပေါင်းစုအားဖြင့် မကျင့်သင့်ရာ ကျင့်မိမှားရာမှ ခံစားရသော ဘေးအန္တရာယ်အသွယ်သွယ်။

ထိုငါးမျိုးမျှသာ ရှိ၏။ အန္တရာယ်အားလုံး ထိုငါးမျိုးထဲ ထူရာသွင်း၍ စာရင်းထိုးရ၏။

ထိုအန္တရာယ်တို့သည် မသိရာမှ ပေါ်ပေါက်လာခြင်းတည်း။

ထိုမသိမူသည်ကား အန္တရာယ်အစုစုကို သယ်ယူလာသော အန္တရာယ်ကောင်တည်း။

ဤ၌ ဤသို့ ညွှန်းဆိုပြနေရခြင်းမှာ မမေ့ခြင်းဖြင့် မသေခြင်းကို ဖော်ပြရာ၌ ထောက်ခံချက်ပေးရန် ရှေ့ပြေးလမ်းခင်းများဟူ၍ မှတ်ပါလေ။

ထိုအန္တရာယ်မျိုးတို့သည် အများအားဖြင့် ပြင်ပအာရုံများနှင့် မိမိရှိ အကြည်ဓာတ်ခံအားတို့ ဆုံမိကြစဉ် ဖြစ်ပွားလေ့ရှိသော အန္တရာယ်ကြီးချည်းသာ ဖြစ်ကြလေရကား သူပေး-လူပေးအန္တရာယ် သို့မဟုတ် ဧည့်သည်အန္တရာယ်များချည်း မှတ်ပါလေ။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment