ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 1 August 2011

၂ - ရေ၀တီဝိမာန၀တ္ထု

၈၆၁။ ကြာမြင့်စွာ ကွေကွင်းသည်ဖြစ်၍ အဝေးမှ ချမ်းသာစွာ ပြန်ရောက်လာသောသူကို အဆွေအမျိုးတို့သည်၎င်း၊ အဆွေခင်ပွန်းတို့သည်၎င်း၊ ချစ်ကျွမ်းဝင်သော သူတို့သည်၎င်း ပြန်ရောက်လာခြင်းကြောင့် နှစ်သက်ဝမ်းမြောက်ကြကုန်၏။

၈၆၂။ ထို့အတူသာလျှင် ဤလောကမှ တမလွန်လောကသို့ သွားသော ပြုပြီးသောကောင်းမူရှိသူကိုလည်း ပြန်ရောက်လာသည့် ချစ်လှစွာသော အဆွေအမျိုးကဲ့သို့ ကောင်းမူတို့သည် ခံယူကုန်၏။

၈၆၃။ အလွန်ယုတ်မာသော အကျင့်ရှိသော တစုံတယောက်အား တစုံတခုကိုမျှ ပေးလှူလေ့မရှိသောကြောင့် အပါယ်တံခါးပွင့်နေသော ရေ၀တီ ထလော့၊ အကြင်ငရဲ၌ မကောင်းသော အလားရှိကုန်သော ငရဲသူသတ္တ၀ါတို့သည် ဆင်းရဲနှိပ်စက်အပ်ကုန်သည်ဖြစ်၍ ညည်းတွားကြရကုန်၏၊ ထိုငရဲသို့ သင့်ကို ငါတို့ ပို့ဆောင်ကြကုန်အံ့။

၈၆၄။ ဤသို့ ပြောဆိုကြကုန်၍ ယမမင်း၏ တမန်နှင့် တူကုန်သော ချင်းချင်းနီသော မျက်စိရှိကုန်သော ကြီးသော ကိုယ်ရှိကုန်သော ထိုဘီလူးနှစ်ယောက်တို့သည် ရေ၀တီ၏ လက်မောင်းတို့ကို တယောက်တဖက်စီ ကိုင်ဆွဲကြ၍ တာဝတိံသာနတ်အပေါင်း၏ အထံသို့ ဆောင်ယူသွားကြကုန်၏။

၈၆၅။ နေ၏အရောင်ကဲ့သို့ ပြောင်ပြောင်ထွန်းပသောအဆင်းရှိသော နှလုံးမွေ့လျော်ဖွယ်ရှိသော ပြိုးပြိုးပြက်သော တင့်တယ်လျောက်တပ်သော ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်သော နတ်သား နတ်သမီးတို့ဖြင့် ပြွမ်းသော နေရောင်ကဲ့သို့ တပြောင်ပြောင်ထွန်းပသော ကျယ်ပြန့်သော ဤဗိမာန်သည် အဘယ်သူ၏ ဗိမာန်ပေနည်း။

၈၆၆။ စန္ဒကူးနံ့သာဖြင့် လိမ်းကျံအပ်သော နတ်သမီးအပေါင်းတို့သည် ဗိမာန်ကို (အတွင်း အပြင်) နှစ်ဖက်လုံး တင့်တယ်စေပါကုန်၏၊ ထိုဗိမာန်သည် နေ၏ အရောင်အဆင်းကဲ့သို့ တပြောင်ပြောင် ထွန်းပသော အဆင်းရှိသည်ဖြစ်၍ ထင်၏၊ နတ်ပြည်သို့ ရောက်သည်ဖြစ်၍ ဗိမာန်၌ မွေ့လျော်နေသူကား အဘယ်သူပါနည်း (ဟု ရေ၀တီက မေး၏)။

၈၆၇။ ဗာရာဏသီပြည်၌ ၀န်တိုမူ မစ္ဆရိယမရှိသော အလှူရှင်ဖြစ်သော အလှူခံတို့၏ အခြင်းအရာကိုသိတတ်သော နန္ဒိယမည်သော ဥပါသကာသည် ရှိခဲ့၏၊ နတ်သား နတ်သမီးတို့ဖြင့် ပြွမ်းသော နေရောင်ကဲ့သို့ တပြောင်ပြောင် ထွန်းပသော ဤဗိမာန်သည် ထိုနန္ဒိယ ဥပါသကာ၏ ဗိမာန်ပေတည်း။

၈၆၈။ စန္ဒကူးနှစ်နံ့သာဖြင့် လိမ်းကျံအပ်သော နတ်သမီးအပေါင်းတို့သည် ဗိမာန်ကို (အတွင်းအပြင်) နှစ်ဖက်လုံး တင့်တယ်စေကြကုန်၏၊ ထိုဗိမာန်သည် နေ၏ အရောင်အဆင်းကဲ့သို့ တပြောင်ပြောင် ထွန်းပသော အဆင်းရှိသည်ဖြစ်၍ ထင်၏၊ တာဝတိံသာနတ်ပြည်သို့ ရောက်သည်ဖြစ်၍ ဗိမာန်၌ မွေ့လျော်နေသူကား ထိုနန္ဒိယဥပါသကာပင်တည်း (ဟု ဘီလူးတို့က ဖြေ၏)။

၈၆၉။ အကျွန်ုပ်သည် နန္ဒိယ၏ မယားပါတည်း၊ စည်းစိမ်ဥစ္စာ အားလုံးကို အစိုးရသော အိမ်ရှင်မ ဖြစ်ခဲ့ပါ၏၊ ယခုအခါ၌ အကျွန်ုပ်သည် လင်၏ ဗိမာန်၌ မွေ့လျော်ပါအံ့၊ ငရဲကို ကြည့်ရူရန်ပင် အလိုမရှိတော့ပါ (ဟု ရေ၀တီက ဆို၏)။

၈၇၀။ အလွန်ယုတ်မာသော အကျင့်ရှိသော ရေ၀တီ ဤငရဲသည် သင်၏ ငရဲတည်း၊ သက်ရှိလောက လူ့ဘ၀က သင်သည် ကောင်းမူကို မပြုခဲ့၊ ၀န်တိုသော ချုတ်ချယ်တတ်သော ယုတ်မာသော သဘောရှိသော သူသည် နတ်ပြည်သို့ လားကုန်သော နတ်တို့၏ အပေါင်းအဖော် အဖြစ်ကို မရနိုင်သည်သာတည်း (ဟု ဘီလူးတို့က ဆို၏)။

၈၇၁။ အသို့နည်း မစင်မကြယ် စက်ဆုပ်ဖွယ်ဖြစ်သော ကျင်ကြီးကို၎င်း၊ ကျင်ငယ်ကို၎င်း တွေ့မြင်ရ၏၊ အဘယ်ကြောင့် ဤငရဲသည် မကောင်းသော အနံ့ရှိသော ကျင်ကြီးရှိလေသနည်း၊ အဘယ်ကြောင့် ဤငရဲသည် မကောင်းသော အနံ့ဖြင့် နံစော်လေသနည်း (ဟု ရေ၀တီက မေး၏)။

၈၇၂။ ရေ၀တီ အသူတရာနက်လှစွာသော ဤငရဲသည် မစင်မကြယ်သော ကျင်ကြီးကျင်ငယ် စသည်ကို ယိုစီးစေတတ်သောကြောင့် သံသ၀ကငရဲ မည်၏၊ သင်သည် ယင်းငရဲ၌ အနှစ် အထောင်မက ကျက်ရလတ္တံ့ (ဟု ဘီလူးတို့က ဆို၏)။

၈၇၃။ အသို့နည်း အကျွန်ုပ်သည် ကိုယ် နူတ် စိတ်ဖြင့် အဘယ်မကောင်းမူကို ပြုခဲ့မိပါသနည်း၊ အဘယ်မကောင်းမူကြောင့် အကျွန်ုပ်သည် အသူတရာနက်လှစွာသော မစင်ကြယ်သော ကျင်ကြီး ကျင်ငယ် စသည်ကို ယိုစီးစေတတ်သော သံသ၀ကငရဲကို ရအပ်ပါသနည်း (ဟု ရေ၀တီက မေး၏)။

၈၇၄။ သင်သည် သမဏဗြာဟ္မဏတို့ကို၎င်း၊ အခြားသော ဖုန်းတောင်းယာစကားတို့ကို၎င်း မဟုတ် မမှန်သော စကားဖြင့် လှည့်ပတ်တတ်၏၊ ထိုမကောင်းမူ အကုသိုလ်ကံကို သင်သည် ပြုခဲ့၏။

၈၇၅။ ထိုမကောင်းမူ အကုသိုလ်ကြောင့် သင်သည် အသူတရာ နက်လှစွာသော သံသ၀ကအမည်ရှိသော ငရဲကို ရအပ်၏၊ သင်သည် ယင်းသံသ၀ကငရဲ၌ အနှစ်အထောင်မက ကျက်ရလတ္တံ့။

၈၇၆။ လက်တို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ ခြေတို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ နားတို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ နှာခေါင်းကိုလည်း ဖြတ်ကုန်လတ္တံ့၊ ထိုမှတပါးလည်း ကျီးငှက်အပေါင်းတို့သည် စုရုံး ချဉ်းကပ်ကြကုန်လျက် တုန်လူပ်နေသော သင့်ကိုခဲစားကြကုန်လတ္တံ့ (ဟု ဘီလူးက ဆို၏)။

၈၇၇။ တောင်းပန်ပါ၏၊ အကျွန်ုပ်ကို (လူ့ပြည်သို့) ပြန်ပို့ကြပါကုန်လော့၊ အကြင်ကုသိုလ်ကို ပြုကုန်၍ ချမ်းသာခြင်းသို့ ရောက်ကုန်၏၊ နောင်အခါ၌ အဖန်တလဲလဲ ပူပန်မူ (နောင်တ)လည်း မရှိကုန်၊ အကျွန်ုပ်သည် အလှူပေးခြင်းဖြင့်၎င်း၊ အညီအညွတ် ကျင့်ခြင်းဖြင့်၍၊ စောင့်စည်းခြင်းဖြင့်၎င်း၊ ဣနြေကို ဆုံးမခြင်းဖြင့်၎င်း များစွာသော ထိုကုသိုလ်ကို ပြုပါတော့အံ့ (ဟု ရေ၀တီက ဆို၏)။

၈၇၈။ သင်သည် ရှေးအခါက (ကုသိုလ်ကို) မေ့လျော့ခဲ့၍ ယခုမှ ငိုကြွေး မြည်တမ်းဘိ၏၊ သင့်ကိုယ်တိုင်ပြုခဲ့သော ကံတို့၏ အကျိုးကို သင်သည်ပင် ခံစားရလတ္တံ့ (ဟု ဘီလူတို့က ဆို၏)။

၈၇၉။ (အကျွန်ုပ်) မေးအပ်သည်ရှိသော် “နတ်ပြည်မှ လူ့ပြည်သို့လာပြီးလျှင် လက်နက်ကို ပယ်ချထားကုန်သော သမဏဗြာဟ္မဏတို့၌ အလှူကို ပေးလှူရာ၏၊ အ၀တ်အရုံကို၎င်း၊ အိပ်ရာနေရာကို၎င်း၊ ဆွမ်းအဖျော်ကို၎င်း ပေးလှူရာ၏၊ ၀န်တိုသော ချုတ်ချယ်တတ်သော ယုတ်မာသော သဘောရှိသော သူသည် နတ်ပြည်သို့လားရကုန်သော နတ်တို့၏ အပေါင်းအဖော်အဖြစ်ကို မရနိုင်သည်သာတည်း” ဟု အဘယ်မည်သော နတ်သည် အကျွန်ုပ်ကို ပြောဆိုပါမည်နည်း။

၈၈၀။ အကျွန်ုပ်သည် ဤ ငရဲမှ လွတ်မြောက်ပြီးလျှင် လူ့ဘ၀ကို ရသည်ရှိသော် အလှူခံတို့၏ အခြင်းအရာကို သိသည်ဖြစ်၍ သီလနှင့်လည်း ပြည့်စုံလျက် အလှူပေးခြင်းဖြင့်၎င်း၊ အညီအညွတ် ကျင့်ခြင်းဖြင့်၎င်း၊ စောင့်စည်းခြင်းဖြင့်၎င်း ဣနြေ္ဒတို့ကို ဆုံးမခြင်းဖြင့်၎င်း များစွာသော ကုသိုလ်ကို ပြုပါတော့အံ့။

၈၈၁။ အထူး ကြည်လင်သောစိတ်ဖြင့် သစ်သီးအရံ ပန်းအရံတို့ကိုလည်း စိုက်ပျိုးပါတော့အံ့၊ ကူးသန်း သွားလာရန် ခက်သောအရပ်၌တံတားတို့ကိုလည်း ဆောက်လုပ်ပါတော့အံ့၊ ရေအိုးစင်ကို၎င်း၊ ရေတွင်းရေကန်ကို၎င်း ပြုပါတော့ အံ့။

၈၈၂-၃။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တဆယ့်လေးရက်မြောက်သော နေ့၌၎င်း တဆယ့်ငါးရက်မြောက်သော နေ့၌၎င်း၊ ရှစ်ရက်မြောက်သော နေ့၌၎င်း၊ ဥပုသ်နေ့တို့၏ အကြိုနေ့ အပိုနေ့၌၎င်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို စောင့်ထိန်းပါတော့အံ့၊ အခါခပ်သိမ်း သီလတို့ကို စောင့်စည်းပါတော့အံ့၊ အလှူပေးခြင်း၌ မမေ့မလျော့သည်သာ ဖြစ်ပါတော့အံ့၊ အကျွန်ုပ်သည် ဤငရဲကို ကိုယ်တိုင် မြင်အပ်ပါပြီ (ဟု ရေ၀တီက မြည်တမ်း၏)။

၈၈၄။ ဤသို့ မြည်တမ်း တုန်လူပ်နေသော ရေ၀တီကို (ငရဲထိန်းတို့သည်) ခြေက မိုးမျှော် ဥိးခေါင်းစောက်ထိုး ကြောက်လန့်ဖွယ်ရှိသော ငရဲ၌ ထိုသို့သော အရပ်မှ ပစ်ချလိုက်ကြကုန်၏။

၈၈၅။ ငါသည် ရှေးအခါက ၀န်တိုခြင်း ရှိခဲ့ပါ၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေး ကြိမ်းမောင်းခဲ့ပါ၏၊ လင်ကိုလည်း မဟုတ်မမှန်သော စကားဖြင့် လှည့်ပတ်ခြင်းကြောင့် ကြောက်လန့်ဖွယ်သဘောရှိသော ငရဲ၌ ကျက်ရပါ၏ (ဟု မြည်တမ်း၏)။

နှစ်ခုမြောက်သော ရေ၀တီဝိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment