ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 6 August 2011

၁၁ - ဒုတိယနာဂ၀ိမာန၀တ္ထု


၉၆၈။ သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်း စေဘိသကဲ့သို့ ထို့အတူ သင်သည် ကိုယ်လုံးဖြူသော ဆင်တကာတို့ထက် မြတ်သော ဆင်ပြောင်ကြီးကို တက်စီး၍ နတ်သမီးအပေါင်းခြံရံကာ အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်း တောက်ပစေလျက် တောတခုမှ တောတခုသို့ လှည့်လည်၏။

၉၆၉-၉၇၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်ဝင်္ဂီသကမေး၏)။

၉၇၁။ ထိုနတ်သားသည် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၉၇၂။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက စက္ခုငါးပါး ရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့်ဥပါသကာ ဖြစ်ခဲ့ဘူးပါ၏၊ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့ပါ၏၊ လောက၌ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခဲ့ပါ၏။

၉၇၃။ သေအရက်ကို မသောက်ခဲ့ပါ၊ မမှန်စကားကိုလည်း မပြောဆိုခဲ့ပါ၊ မိမိမယားဖြင့်သာလျှင် ရောင့်ရဲခဲ့ပါ၏၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကို၎င်း အဖျော်ကို၎င်း များစွာသော အခြားအလှူကို၎င်း ရိုသေစွာ ပေးလှူခဲ့ဘူးပါ၏။

၉၇၄-၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်းသည်လည်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု ဖြေကြားလျှောက်ထား၏)။

တဆယ့်တခုမြောက်သော ဒုတိယနာဂ၀ိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment