ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 8 August 2011

၇ - ယ၀ပါလက၀ိမာန၀တ္ထု

၁၀၈၇။ နတ်သား ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်နတ်သား၏ အရောင်အဆင်းသည် အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၈၉။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၀၉၀။ အရှင်ဘုရား အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက မုယောခင်း စောင့်သူ ဖြစ်ခဲ့ပါ၏၊ (ထိုအခါက) အကျွန်ုပ်သည် ကိလေသာမြူမှ ကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျူသော စိတ်ရှိသော ရဟန်းကို ဖူးမြင်ခဲ့ရပါ၏။

၁၀၉၁။ အရှင်ဘုရား အကျွန်ုပ်သည် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ အကျွန်ုပ်၏ မုယောမုံ့ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဘူးပါ၏၊ အကျွန်ုပ်သည် မုယောမုံ့ဆွမ်းကို ပေးလှူခြင်းကြောင့် နန္ဒ၀န်ဥယျာဉ်၌ မွေ့လျော်ရပါ၏။

၁၀၉၂။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု ဖြေကြား၏)။

ခုနှစ်ခုမြောက်သော ယ၀ပါလက၀ိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment