ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 8 August 2011

၉ - ဒုတိယကုဏ္ဍလီဝိမာန၀တ္ထု

၁၁၀၁။ ဘယက်စသော တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်ထားသော အမျိုးမျိုးသော ပန်းတို့ကို ပန်ဆင်လျက် ကောင်းစွာ ၀တ်ရုံထားသော ကောင်းသော နာဍောင်လည်း ရှိသော ဆံမုတ်ဆိတ် ပြုပြင်ထားသော လက်ဝတ် တန်ဆာတို့ကို ၀တ်ဆင်ထားသော သင်နတ်သားသည် များသော အခြံအရံရှိသည်ဖြစ်၍ နတ်၌ဖြစ်သော ဗိမာန်၌ လ၀န်းကဲ့သို့ တင့်တယ်ဘိ၏။

၁၁၀၂။ နတ်စောင်းတို့သည် သာယာစွာ မြည်ကုန်၏၊ သင်အပ်ပြီးသော အတတ်ရှိကုန်သော ကောင်းသော သဘောရှိကုန်သောများမြတ်သောစည်းစိမ်ရှိကုန်သောတာဝတိံသာနတ်ပြည်၌ နေလေ့ရှိကုန်သော ခြောက် ကျိတ်လေးယောက်သော နတ်သမီးတို့သည် က-လည်း က-ကြကုန်၏၊ သီလည်း သီဆိုကြကုန်၏၊ သင့်ကို ၀မ်းမြောက်လည်း ၀မ်းမြောက်စေကြကုန်၏။

၁၁၀၃။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်နတ်သားသည် လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၁၀၄။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၁၀၅။ အရှင်ဘုရား အကျွန်ုပ်သည် လူ့ဘ၀ လူဖြစ်ခဲ့စဉ်က သီလရှိကုန်သော အသိဉာဏ် “၀ိဇ္ဇာ”၊ အကျင့် “စရဏ”နှင့် ပြည့်စုံ၍ ကျော်စောခြင်း အခြွေအရံများခြင်း ရှိကုန်သော များသော အကြားအမြင် ရှိကုန်သော စိတ်ရှိကုန်သော (အဂ္ဂသာဝက) ရဟန်းနှစ်ပါးတို့ကို ဖူးမြင်ရခြင်းကြောင့် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကို၎င်း၊ အဖျော်ကို၎င်း များပြားသော (အ၀တ် သင်္ကန်း အစရှိသော) အလှူဒါနကို၎င်း ရိုသေစွာ ပေးလှူခဲ့ပါ၏။

၁၁၀၆။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု လျှောက်ထား၏)။

ကိုးခုမြောက်သော ဒုတိယကုဏ္ဍလီဝိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment