ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 6 August 2011

၁၂ - တတိယနာဂ၀ိမာန၀တ္ထု

၉၇၆။ နတ်၌ဖြစ်သော ကိုယ်လုံးဖြူစင်သော ဆင်ယာဉ်ဖြင့် ကောင်းကင်၌ တည်နေလျက် တီးမူတ်အပ်သော တူရိယာသံတို့ဖြင့် ခြိမ့်ခြိမ့်ညံသည်ဖြစ်၍ အပူဇော်ခံရသော သင်ကား အဘယ်သူနည်း။

၉၇၇။ သင်သည်ကား စာတုမဟာရာဇ်နတ် ဖြစ်လေသလော၊ ဂန္ဓဗ္ဗနတ်မျိုး ဖြစ်လေသလော၊ သို့မဟုတ် ရှေး၌ အလှူကိုပေးတတ်သော သိကြားဖြစ်လေသလော၊ မသိကြကုန်သည်ဖြစ်၍ သင့်ကို မေးကြပါကုန်၏၊ အကျွန်ုပ်တို့သည် သင့်ကို အဘယ်သို့ သိရပါကုန်အံ့နည်း (ဟု ပညာရှိတယောက်က မေး၏)။

၉၇၈။ အကျွန်ုပ်သည် စာတုမဟာရာဇ်နတ်လည်း မဟုတ်ပါ၊ ဂန္ဓဗ္ဗနတ်မျိုးလည်း မဟုတ်ပါ၊ ရှေး၌ အလှူကို ပေးတတ်သော သိကြားလည်း မဟုတ်ပါ၊ သုဓမ္မာ အမည်ရှိကုန်ုသော တာဝတိံသာနတ်တို့တွင် တယောက်အပါအ၀င် ဖြစ်ပါ၏။

၉၇၉။ များစွာ လက်အုပ်ချီခြင်းကို ပြု၍ သုဓမ္မာမည်သော နတ်သားကို မေးပါကုန်၏၊ လူ့ဘ၀၌ အဘယ်ကံကို ပြု၍ သုဓမ္မာ နတ်မျိုး၌ ဖြစ်နိုင်ပါသနည်း (ဟု မေး၏)။

၉၈၀။ အကြင် သူသည် ကြံရွက်မိုးသော ကျောင်းကိုဖြစ်စေ သက်ငယ်မိုးသော ကျောင်းကိုဖြစ်စေ အ၀တ်မိုးသော ကျောင်းကိုဖြစ်စေ ပေးလှူရာ၏၊ ထိုသူသည် ကျောင်းသုံးမျိုးတို့တွင် တမျိုးမျိုးကို ပေးလှူသောကြောင့် သုဓမ္မာနတ်မျိုး၌ ဖြစ်နိုင်၏ (ဟု ဖြေကြား၏)။

တဆယ့်နှစ်ခုမြောက်သော တတိယနာဂ၀ိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment