ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 9 August 2011

၃ - မဏိထူဏ၀ိမာန၀တ္ထု

၁၁၂၆။ နတ်သား ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တဆယ့်ခြောက်ယူဇနာရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင် ခုနှစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။



၁၁၂၇။ (သင်နတ်သားသည်) ထိုဗိမာန်၌ နေလျက် သောက်လည်း သောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည်လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ် အရသာ ဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာတို့ဖြင့် ပြင်ဆင်ထားသော နတ်သမီးတို့သည်လည်း ကကြကုန်၏။



၁၁၂၈။ (နတ်သား) အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်နတ်သား၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။



၁၁၃၀။ ထိုနတ်သားသည် အသျှင်မဟာမောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား၏။



၁၁၃၁။ (တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း) အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက တောခရီးလမ်း၌ တံတားကို ဆောက်လုပ်ခဲ့ပါ၏၊ အာရာမ်သစ်ပင်တို့ကိုလည်း စိုက်ပျိုးခဲ့ပါ၏၊ အကျွန်ုပ်သည် သီလရှိကုန်သော ပုဂ္ဂိုလ်တို့ကို ချစ်မြတ်နိုးခဲ့ပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကို၎င်း၊ အဖျော်ကို၎င်း၊ များမြတ်သော (သင်္ကန်းစသော) အလှူဒါနကို၎င်း ရိုသေစွာ ပေးလှူခဲ့ပါ၏။



၁၁၃၂။ (တန်ခိုးအာနုဘော်ကြီးတော်မူသော အရှင်ရဟန်း) ထိုကုသလိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပ ပါ၏ (ဟု ဖြေကြား လျှောက်ထား၏)။



သုံးခုမြောက်သော မဏိထူဏ၀ိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment