၁၀-၁။ နှမြောဝန်တိုမူ မရှိသူသည် မင်္ဂလာစသည်တို့တွင် တစုံတခုကို အကြောင်းပြု၍ ဖြစ်စေ သေပြီးသူတို့ကို အကြောင်းပြု၍ ဖြစ်စေ၊ ထိုမှတပါး အိမ်စောင့်နတ် စသည်တို့ကို အကြောင်းပြု၍ ဖြစ်စေ ကုဝေရနတ်၊ ဓတရဋ္ဌနတ်၊ ၀ိရူပက္ခနတ်၊ ၀ိ၇ူဠှကနတ်ဟူသော လောကကို စောင့်ရှောက်ကုန်သော များသော အခြံအရံရှိကုန်သော နတ်မင်းကြီး လေးယောက်တို့ကို အကြောင်းပြု၍ ဖြစ်စေ အလှူဒါနကို ပေးလှူရာ၏၊ ဤသို့ ပေးလှူသည်ရှိသော် နတ်မင်းကြီး လေးယောက် အိမ်စောင့်နတ် စသည်နှင့် သေလွန်ပြီးသူတို့ကိုလည်း ပူဇော်အပ်သည် မည်ကုန်၏၊ ပေးလှူသူ ဒါယကာတို့သည်လည်း အကျိုးကြီးကုန်၏။
၁၂။ ငိုကြွေးခြင်းသည်၎င်း၊ စိုးရိမ်ပူဆွေးခြင်းသည်၎င်း၊ ထိုမှတပါးသော အကြင်ပြောဆို မြည်တမ်းခြင်းသည်၎င်း ပြိတ္တာတို့၏ အကျိုးငှါမဟုတ်၊ (သို့သော်) ဆွေမျိုးတို့ သည်ကား ငိုကြွေးနေကြကုန်၏။
၁၃။ (တမလွန်ဘ၀သို့ ပြောင်းသွားသူကို ရည်စူးလျက်) ပေးလှူအပ်သော အလှူသည် သံဃာ၌ ကောင်းစွာ တည်သည်ဖြစ်၍ ရှည်မြင့်စွာ စီးပွါးချမ်းသာ ဖြစ်ခြင်းအကျိုးငှါ ထိုပြိတ္တာထံသို့ တခဏခြင်း ကပ်ရောက်၏ (ဟု မြတ်စွာဘုရား ဟော်တော်မူ၏)။
Thursday 11 August 2011
၎ - ပိဋ္ဌဓိတလိကပေတ၀တ္ထု
လေးခုမြောက်သော ပိဋ္ဌဓိတလိကပေတ၀တ္ထု ပြီး၏။
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဇာတ်တော်ဝတ္ထုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment