ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 8 August 2011

၎ - ပဌမဥပဿယဒါယက၀ိမာန၀တ္ထု

၁၀၆၉။ နတ်သား လဗိမာန်သည် တိမ်တိုက်ကင်းစင်သော မိုးကောင်းကေင်၌ ထွန်းလင်း တောက်ပလျက် သွားသကဲ့သို့ ထို့အတူ သင်၏ ဗိမာန်သည် ကောင်းကင်၌ ထွန်းလင်း တောက်ပလျက် တည်ဘိ၏။

၁၀၇၀။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၀၇၁။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၀၇၂။ အရှင်ဘုရား လူ့ပြည်လောက၌ အကျွန်ုပ်သည်၎င်း၊ အကျွန်ုပ်၏ မယားသည်၎င်း၊ အပူဇော်ခံထိုက်သော ရဟန်းတပါးအား တည်းခိုရန် ကျောင်းကို ပေးလှူခဲ့ကြပါကုန်၏၊ ကြည်လင်သော စိတ်ရှိကုန်သည်ဖြစ်၍ ဆွမ်းကို၎င်း၊ အဖျော်ကို၎င်း များပြားစွာသော (သင်္ကန်းစသော) အလှူဒါနကို၎င်း ရိုသေစွာ လှူခဲ့ကြပါကုန်၏။

၁၀၇၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု လျှောက်ထား၏)။

လေးခုမြောက်သော ပဌမဥပဿယဒါယက၀ိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment