ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 8 August 2011

၁၀ - ပါယာသိဝိမာန၀တ္ထု

၁၁၀၈။ (နတ်သား) သိကြားမင်း၏ အကြင် သုဓမ္မာည်သော နတ်သဘင်သည် ရှိ၏၊ ယင်း သုဓမ္မာ နတ်သဘင်၌ နတ်အပေါင်းသည် အညီအညွတ် နေ၏၊ ထိုနတ်သဘင်နှင့် တူစွာ သင်၏ ဤဗိမာန်သည် ကောင်းကင်၌ ထွန်းလင်း တောက်ပလျက် တည်ဘိ၏။



၁၁၀၉။ အာနုဘော်ကြီးသော နတ်တန်ခိုးနှင့် ပြည့်စုံသော သင်နတ်သားသည် လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့ ထွန်းလင်းတောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။



၁၁၁၀။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။



၁၁၁၁။ အရှင်ဘုရား အကျွန်ုပ်သည် လူ့ဘ၀ လူဖြစ်ခဲ့စဉ်က ပါရာသိ ရာဇညမင်း၏ (အမူကြီးငယ်ကို ပြုတတ်သော) (ဥတ္တရ) လုလင် ဖြစ်ခဲ့ပါ၏၊ အကျွန်ုပ်သည် ရအပ်သော ဥစ္စာကို ခွဲဝေ ပေးကမ်းခြင်ကို ပြုခဲ့ပါ၏၊ သီလရှိကုန်သော ရဟန်း သူတော်ကောင်းတို့ကို ချစ်မြတ်နိုးခဲ့ပါ၏၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဆွမ်းကို၎င်း၊ အဖျော်ကို၎င်း များပြားသော (အ၀တ် သင်္ကန် စသော) အလှူဒါနကို၎င်း ပေးလှူခဲ့ပါ၏။



၁၁၁၂။ အရှင်ဘုရား ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု ဖြေကြား၏)။



ဆယ်ခုမြောက်သော ပါယာသိဝိမာန၀တ္ထု ပြီး၏။



ခြောက်ခုမြောက်သော ပါယာသိဝဂ် ပြီး၏။

No comments:

Post a Comment