၁။ အာဝါသိကသုတ်
ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ကျောင်းထိုင်ရဟန်းသည် သူတပါးတို့၏ ကြည်ညိုလေးစားမူကို မတိုးပွါးစေနိုင်သူ ဖြစ်သည်။
ယင်း ၅-မျိုးမှာ -
၁။ ရဟန်းအသွင်အပြင်နှင့် မပြည့်စုံ၊ ၀တ္တရားနှင့် မပြည့်စုံ။
၂။ ပိဋကတ်ကျမ်းဂန် သင်ကြားလေ့ကျက် မှတ်သားထားမူမရှိသဖြင့် ဗဟုသုတ မရှိ။
၃။ တစ်ယောက်တည်း ကိန်းအောင်းခြင်း၌ မပျော်မွေ့သည် ဖြစ်၍ ကိလေသာကို မခေါင်းပါးစေတတ်။
၎။ အသံ မကောင်း၊ စကားပြော မကောင်း။
၅။ ပညာမရှိ၊ ညံ့ဖျင်းသည်၊ ဆွံ့အသည်။
ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသော ကျောင်းထိုင် ရဟန်းသည် သူတပါးတို့၏ ကြည်ညိုလေးစားမူကို တိုးပွါးစေနိုင်သူ ဖြစ်သည်။
၁။ ရဟန်းအသွင်အပြင်နှင့် ပြည့်စုံသည်၊ ၀တ္တရားနှင့် ပြည့်စုံသည်။
၂။ ပိဋကတ်ကျမ်းဂန် သင်ကြားလေ့ကျက် မှတ်သားထားမူရှိသဖြင့် ဗဟုသုတ ရှိသည်။
၃။ တစ်ယောက်တည်း ကိန်းအောင်းခြင်း၌ ပျော်မွေ့သည် ဖြစ်၍ ကိလေသာကို ခေါင်းပါးစေနိုင်သည်။
၎။ အသံ ကောင်းသည်၊ စကားပြော ကောင်းသည်။
၅။ ပညာရှိသည်၊ မညံ့ဖျင်း၊ မဆွံ့အ။
ဆောင် - သွင်ပြင် အနေ၊ ကျင့်ဝတ်ကျေ၍၊ ရှိလေ ဗဟုသုတ၊ ရှောင်ထ ပေါင်းသင်း၊ ခေါင်းပါးခြင်း နှင့်၊ ကောင်းခြင်း စကားသံ၊ ဉာဏ်ပညာကြီး၊ ဤငါးသီးပါ၊ ကျောင်းထိုင်ရာ၊ သူငါ ချစ်ခင် မြတ်နိုးကြင်။
ပထမသုတ် ပြီး၏။
