ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 5 April 2011

၅။ စဏ္ဍာလသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသော ဥပါသကာသည် သူတောင်းစားနှင့်တူသော အညစ်အကြေးနှင့်တူသော အညံ့စား ဖြစ်သော ဥပါသကာမည်သည်။

ယင်း ၅-မျိုးမှာ -

၁။ သဒ္ဓါတရား မရှိ။

၂။ သီလ မရှိ။

၃။ ကောတုဟလမင်္ဂလာကို ယုံကြည်သည်။ (ကောတုဟလမင်္ဂလာ - အသစ်အဆန်းအာရုံကို ကြီးပွားကြောင်းဟု မှတ်ထင်ယူ)။

၎။ လောကီမင်္ဂလာများကိုသာ ယုံကြည်ပြီး ကုသိုလ်, အကုသိုလ်ကံကို မယုံကြည်။

၅။ ဤဗုဒ္ဓဘာသာမှ အခြားသာသနာ၌လည်း

ကိုကွယ်မူရှာပြီး ကောင်းမူပြုသည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ဥပါသကာသည် ရတနာနှင့်တူသော ကြာပဒုမ္မာနှင့်တူသော ကြာပုဏ္ဍရိက်နှင့်တူသော ဥပါသကား မည်သည်။

ယင်း ၅-မျိုးမှာ -

၁။ သဒ္ဓါတရားရှိသည်။

၂။ သီလရှိသည်။

၃။ ကောတုလမင်္ဂလာကို မယုံကြည်။

၎။ ကုသိုလ်, အကုသိုလ်ကံကိုသာ ယုံကြည်သည်။

၅။ ဤဗုဒ္ဓသာသနာမှ အခြားသာသနာ၌လည်း ကိုးကွယ်မူ မရှာ၊ ကောင်းမူ မပြု။


ဆောင် - သဒ္ဓါ, သီလ၊ နှစ်ဝ မရှိ၊ လောကိမင်္ဂလာ၊ ယုံကြည်စွာတုံ၊ မယုံ ကံမှာ၊ ပြင်ပမှာ လှူ၊ ဤငါးဆူ၊ ညံ့သူ ဥပါသကာ ဒွန်းစဏ္ဍား။

သဒ္ဓါလည်း ရှိ၊ သီလရှိကာ၊ လောကိမင်္ဂလာ၊ မယုံစွာတုံ၊ ကံသာ ယုံလှ၊ ဗုဒ္ဓသာသနာ၊ အတွင်းမှာ လှူ၊ ဤငါးဆူ၊ မြတ်သူ ဥပါသကာ ရတနာ။


ပဉ္စမသုတ် ပြီး၏။

No comments:

Post a Comment