ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 27 April 2011

၃။ အတိနိဝါသသုတ်


ရဟန်းတို့ ! အလွန်ကြာမြင့်စွာ နေခြင်း၌ ဖြစ်သော အပြစ် ၅-မျိုးဟူသည်မှာ -

၁။ ဘဏ္ဍာများစွာ စုဆောင်းမိသဖြင့် ဘဏ္ဍာများစွာရှိသည်။

၂။ ဆေးဝါးများစွာ စုဆောင်းမိသဖြင့် ဆေးဝါးများစွာရှိသည်။

၃။ ပြုဖွယ်များသည် ဖြစ်၍ ကိစ္စများပြားသည်။

၎။ အမူ ကြီးငယ်တို့၌ ငြိကပ် တွယ်တာသဖြင့် သာသနာတော်နှင့် မလျော်သော လူ့သဘော နှီးနှောခြင်းမျိုးဖြင့် နှီးနှော ဆက်ဆံနေတတ်သည်။

၅။ ထိုနေရာကျောင်းမှ ထွက်ခွါသွားလျှင် ငဲ့ကွက်ခြင်းရှိသည် ဖြစ်၍ ထွက်ခွါသွားရသည်။


အကန့်အသတ်ထား၍ နေခြင်း၌ ဖြစ်သော အကျိုး ၅-မျိုး ဟူသည်မှာ -

၁။ ဘဏ္ဍာများစွာ မစုဆောင်းမိသဖြင့် ဘဏ္ဍာများစွာ မရှိသ။

၂။ ဆေးဝါးများစွာ မစုဆောင်းမိသဖြင့် ဆေးဝါးများစွာ မရှိ။

၃။ ပြုဖွယ် မများသည်ဖြစ်၍ ကိစ္စ မများ။

၎။ အမူ ကြီးငယ်တို့၌ မငြိကပ် မတွယ်တာသဖြင့် သာသနာတော်နှင့် မလျော်သော လူ့သဘော နှီးနှောခြင်းမျိုးဖြင့် နှီးနှော ဆက်ဆံ၍ မနေ။

၅။ ထိုနေရာကျောင်းမှ ထွက်ခွါသွားလျှင် မငဲ့ကွက်ဘဲ ထွက်ခွါသွားရသည်။

ဆောင် - ကန့်သတ်ပိုင်းခြား၊ နေတုံငြားမူ၊ မများ ဘဏ္ဍ၊ ဆေးမှာ မများ၊ နည်းငြား ပြုဖွယ်၊ တွယ်တာသဘော၊ မရောနှောဘဲ၊ ဖဲခွါ လွယ်ကူ၊ ဤငါးဆူ၊ မှတ်ယူ အကျိုးများ။

တတိယသုတ် ပြီး၏။

No comments:

Post a Comment