ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 5 April 2011

၆။ ပီတိသုတ်


ဥပါသကာ ၅၀၀ ခြံရံလျက် မြတ်စွာဘုရားထံ ချဉ်းကပ်ရှိခိုးပြီး သင့်တင့်သော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးကို မြတ်စွာဘုရားက မိန့်တော်မူသည်မှာ -

“ဒါယကာ! သင်တို့သည် ရဟန်းသံဃာကို သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး ပစ္စည်းလေးပါး ထောက်ပံ့ လှူဒါန်းရုံမျှဖြင့်သာ ကျေနပ်မနေကြနှင့်။

ထို့ကြောင့် သင်တို့သည် “ရံဖန်ရံခါ နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသို့ ရောက်အောင် ငါတို့ ဘယ်သို့ ဘယ်ပုံ နေရကုန်အံ့နည်း” ဟု နှလုံးထား၍ ကျင့်ရမည်။

ဤသို့ ဟောကြားတော်မူသည်ရှိသော် အရှင်သာရိပုတြာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်သည် -

“အရှင်ဘုရား ! အရှင်ဘုရား၏ စကားတော်သည် အံ့ဖွယ်ရှိပါပေသည်၊ မဖြစ်စဖူး အသစ်အထူး ဖြစ်ပါပေသည်။

အရှင်ဘုရား ! အရိယာတပည့်သည် နီဝရဏမှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသို့ ရောက်၍ နေသောအခါ ထိုပုဂ္ဂိုလ်မှာ ဆိုလတံ့သော အကြောင်း ၅-မျိုး တို့သည် မဖြစ်ပါကုန်။

ယင်း ၅-မျိုးမှာ -

၁။ ကာမဂုဏ်ကို မှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းလည်း မဖြစ်ပါ၊

၂။ ကာမဂုဏ်ကို မှီ၍ဖြစ်သော ချမ်းသာခြင်း ၀မ်းမြောက်ခြင်းလည်း မဖြစ်ပါ၊

၃။ အကုသိုလ်ကို မှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းလည်း မဖြစ်ပါ၊

၎။ အကုသိုလ်ကို မှီ၍ဖြစ်သော ချမ်းသာခြင်း ၀မ်းမြောက်ခြင်းလည်း မဖြစ်ပါ၊

၅။ ကုသိုလ်ကို မှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းလည်း မဖြစ်ပါ။”

“သာရိပုတြာ !

သင့်စကားသည် ကောင်းပေစွ ကောင်းပေစွ။”

ဆောင် - ပစ္စည်း လေးဝ၊ လှူရုံမျှဖြင့်၊ မနေကြနှင့်၊ တစ်ဆင့် တက်ကာ၊ ကင်းကွာ နီဝရဏ၊ ပီတိကျထိ၊ နေတုံဘိ၊ မှတ်သိ ကျင့်ကြလေ။

ကင်းကွာ နီဝရဏ၊ ပီတိကျထိ၊ နေတုံဘိကာ၊ ကာမ, အကု၊ နှစ်ခုဆိုင်ရာ၊ ၀မ်းသာ, ဆင်းရဲ၊ နှစ်တွဲ လေးခု၊ ကုသိုလ်မူမှာ၊ ဆင်းရဲသာ ဟု၊ ဤငါးခု၊ မှတ်ရူ မဖြစ်တတ်။


ဆဋ္ဌသုတ် ပြီး၏။

No comments:

Post a Comment