ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 25 April 2011

၂။ ဘဏ္ဍနကာရကသုတ်


ရဟန်းတို့ ! ခိုက်ရန်ဖြစ်ပွားကြောင်း ကြိမ်းမောင်းခြိမ်းခြောက်မူကိုလည်း ပြုလုပ်တတ်, ကိုယ်လက်ထိပါး ခိုက်ရန်ပွားမူကိုလည်း ပြုလုပ်တတ်, ဆန့်ကျင်ဘက် ပြောဆိုမူကိုလည်း ပြုလုပ်တတ်, စည်းပျက်ကမ်းပျက် စကားများကိုလည်း ပြောဆိုတတ်, သံဃာ့အဓိကရုဏ်းကိုလည်း ပြုလုပ်တတ်သည့် ရဟန်းသည် ဆိုလတံ့သော အပြစ် ၅-မျိုးကို ဧကန် ရလိမ့်မည်။

ယင်းး၅-မျိုးမှာ -

၁။ မရသေးသော တရားထူးကို မရ။

၂။ ရပြီးသော တရားထူးမှ ယုတ်လျော့သည်။

၃။ မကောင်းသတင်းထွက်သည်။

၎။ တွေဝေလျက် သေရသည်။

၅။ ခန္ဓာပျက်ကြွေ သေဆုံးပြီးနောက် ဒုဂ္ဂတိဘုံဘ၀ အပါယ်ငရဲသို့ ကျရောက်ရသည်။

ဆောင် - အဓိကရုဏ်းဖန်၊ ဆဲရေးပြန်က၊ မရ တရားထူး၊ တရားထူး လျောဆင်း၊ မကောင်းသတင်း ထွက်၊ တွေဝေလျက် သေ၊ ငရဲပြေလား၊ ဤငါးပါး၊ မှတ်သား ခိုက်ရန် အပြစ်တွေ။

မှတ်ချက် - ၀ိဝါဒါဓိကရုဏ်း၊ အန၀ါဒါဓိကရုဏ်း၊ အာပတ္တာဓိကရုဏ်း၊ ကိစ္စာဓိကရုဏ်း။
(၀ိဝါ, န၀ါ၊ အာပတ္တာ၊ ကိစ္စာ ဓိကရုဏ်း)


ဒုတိယသုတ် ပြီး၏။

No comments:

Post a Comment