ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 19 April 2011

၅။ ပဉ္စမ သုတ် - ၅၀



၂၁။ ကိမိလ၀ဂ် (ကိမိလမြို့၌ ဟောသည့်သုတ်ပါသော အခန်း)



၁။ ကိမိလသုတ်



မြတ်စွာဘုရား ကိမိလမြို့ ကျည်းပင်တော၌ သီတင်းသုံး နေတော်မူစဉ် အရှင်ကိမိလမထေရ်သည် မြတ်စွာဘုရားထံ ချဉ်းကပ် ရှိခိုးပြီး သင့်တင့်သော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားကို ဤသို့ လျှောက်သည် -



“အရှင်ဘုရား ! မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် သဒ္ဓမ္မသုံးဖြာ သာသနာ ကြာမြင့်စွာ မတည်တံ့နိုင်သော အကြောင်းများကား အဘယ်ပါနည်း?။”



“ကိမိလ ! ငါဘုရား ပရိနိဗ္ဗာန် စံတော်မူသည်ရှိသော် ဤသာသနာတော်၌ ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသကာမတို့သည် -



၁။ မြတ်စွာဘုရား၌ -



၂။ တရားတော်၌ -



၃။ သံဃာတော်၌ -



၎။ သီလ သိက္ခာ၌ -



၅။ အချင်းချင်း၌ - ရိုသေတုပ်ဝပ်မူမရှိဘဲ နေကြသည်။



ဤအချက်များသည် သဒ္ဓမ္မသုံးဖြာ သာသနာ ကြာမြင့်စွာ မတည်တံ့နိုင်သော အကြောင်းများ ဖြစ်သည်။





“သဒ္ဓမ္မသုံးဖြာ သာသနာ ကြာမြင့်စွာ တည်တံ့နိုင်သော အကြောင်းများကား အဘယ်ပါနည်း?။” ဟု လျှောက်သည်။



“ကိမိလ ! ငါဘုရား ပရိနိဗ္ဗာန် စံတော်မူသည်ရှိသော် ဤသာသနာတော်၌ ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသကာမတို့သည် -



၁။ မြတ်စွာဘုရား၌ -



၂။ တရားတော်၌ -



၃။ သံဃာတော်၌ -



၎။ သီလ သိက္ခာ၌ -



၅။ အချင်းချင်း၌ - ရိုသေတုပ်ဝပ်မူရှိလျက် နေကြသည်။



ဤအချက်များသည် သဒ္ဓမ္မသုံးဖြာ သာသနာ ကြာမြင့်စွာ တည်တံ့နိုင်သော အကြောင်းများ ဖြစ်သည်။



ဆောင် - ဗုဒ္ဓ, ဓမ္မ၊ နောက် သံဃနှင့်၊ သီလသိက္ခာ၊ ချင်းချင်းမှာလျှင်၊ ဂါရ၀ကင်း၊ ဖြစ်တုံလျင်းက၊ ဘုရာ့သာသနာ၊ မရှည်ကြာ၊ ပြန်ခါ ရှည်ကြာကြောင်း။



ဘုရား၌ မရိုသေပုံ - စေတီရင်ပြင်စသည်၌ ထီးဆောင်း, ဖိနပ်စီး၍ လှည့်လှည်ခြင်း၊ အကျိုးမရှိ ပေါက်ကရစကားပြောခြင်း စသည်။



တရား၌ မရိုသေပုံ - အိပ်ငိုက်လျက် တရားနာခြင်း, အကျိုးမရှိ စကားပြောကာ တရားနာခြင်း စသည်။



သံဃာ၌ မရိုသေပုံ - သံဃာ့အလယ် ကိုးယိုးကားရား သွားခြင်း, ပေါက်ကရစကားပြောဆိုခြင်း စသည်။



သီလ သိက္ခာ၌ မရိုသေပုံ - သီလသိက္ခာကို မဖြည့်ကျင့်ခြင်း။



အချင်းချင်း၌ မရိုသေပုံ - ငြင်းခုံခြင်း ခိုက်ရန်ပြုခြင်း စသည်။



ပထမသုတ် ပြီး၏။

No comments:

Post a Comment