ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 4 April 2011

၉။ ခိပ္ပနိသန္တိသုတ်


ထိုအခါ အရှင်အာနန္ဒာသည် အရှင်သာရိပုတြာထံ ချဉ်းကပ်၍ ၀မ်းမြောက်ဖွယ် သတိရဖွယ် စကားကို ပြောဆိုပြီး သင့်တင့်သော နေရာ၌ ထိုင်နေလျက် အရှင်သာရိပုတြာကို ဤသို့ လျှောက်ထားသည် -

“ငါ့ရှင် သာရိပုတြာ ! ရဟန်းသည် အဘယ် ဂုဏ်အရည်အချင်းများနှင့် ပြည့်စုံလျှင် အပြစ်ကင်းလတ် ကောင်းမြတ်ကုန်သော သုံးဖြာပိဋကတ် ပရိယတ်တရားတို့၌ -

၁။ လျင်မြန်စွာလည်း မှတ်သားနိုင်ပါသနည်း?။

၂။ ကောင်းစွာလည်း သင်ယူနိုင်ပါသနည်း?။

၃။ များစွာလည်း သင်ယူနိုင်ပါသနည်း?။

၎။ သင်ယူထားသမျှကို မမေ့ပျောက်အောင်လည်း ဆောင်ထားနိုင်ပါသနည်း?။

“အရှင်အာနန္ဒာသည် အကြားအမြင် များသူဖြစ်ပါသည်၊ အရှင်သည်ပင် ဟောကြားပါလော့။

“ငါ့ရှင် သာရိပုတြာ ! သို့ဖြစ်လျှင် နားထောင်ပါလော့၊ ကောင်းစွာ နှလုံးသွင်းပါလာ့၊ ဟောကြားပါမည်။

ဤသာသနာတော်၌ ရဟန်းသည် -

၁။ အနက်၌လည်း ကျွမ်းကျင်သည်။

၂။ ပါဠိ၌လည်း ကျမ်းကျင်သည်။

၃။ အက္ခရာအပြား၌လည်း ကျွမ်းကျင်သည်။

၎။ သဒ္ဒါ၌လည်း ကျွမ်းကျင်သည်။

၅။ ရှေ့နောက် အစီအစဉ်၌လည်း ကျွမ်းကျင်သည်။

ဤမျှသော ဂုဏ်အရည်အချင်း ပြည့်စုံလျှင် ဆိုခဲ့ပြီးအတိုင်း သင်ယူ, မှတ်သား, ဆောင်ထားနိုင်ပါသည်။”

ထိုအခါ အရှင်သာရိပုတြာက ဤသို့ မိန့်ဆိုတော်မူသည် -

“ငါ့ရှင်တို့ ! အံ့ဖွယ်ရှိပါပေသည်၊ မဖြစ်စဖူး အသစ်အထူး ဖြစ်ပါပေသည်၊ အရှင်အာနန္ဒာဟောကြားသော တရားစကားသည် အလွန်ကောင်းပါပေသည်၊ အရှင်အာနန္ဒာကို ဤတရား ၅-မျိုးနှင့် ပြည့်စုံသူ-ဟု ငါတို့ မှတ်ယူကြပါသည်။

အဘယ်ကြောင့်ဆိုသော် -

အရှင်အာနန္ဒာမှာ “အနက်၌ ကျွမ်းကျင်ခြင်း” စသော ဂုဏ်အရည်အချင်း ၅-ရပ်လုံး ရှိနေခြင်းကြောင့် ဖြစ်ပါသည်။

ဆောင် - အတ္တ, ဓမ္မ၊ ဗျဉ္ဇနသိ၊ နိရုတ္တိပါ၊ ရှေ့နောက်မှ လျှင်၊ ဤငါးခွင်၌ ကျွမ်းကျင် လိမ္မာ၊ ဖြစ်တုံပါမူ၊ ကောင်းစွာ, များစွာ၊ သင်နိုင်ပါလတ်၊ သင်အပ်သလောက်၊ မမေ့ပျောက်၊ ထွန်းတောက် ဇမ္ဗူ အာဂလူ။

န၀မသုတ် ပြီး၏။

No comments:

Post a Comment