ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 25 April 2011

ရ။ ပထမ အပါသာဒိကသုတ်


ရဟန်းတို့ !

ကြည်ညိုဖွယ်မရှိသော ပုဂ္ဂိုလ်၌ ဖြစ်သော အပြစ် ၅-မျိုး ဟူသည်မှာ -

၁။ မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို စွပ်စွဲသည်။

၂။ ပညာရှိတို့ စိစစ်၍ ကဲ့ရဲ့ကြသည်။

၃။ မကောင်းသတင်း ထွက်သည်။

၎။ တွေဝေလျက် သေရသည်။

၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် ဒုဂ္ဂတိဘုံဘ၀ အပါယ်ငရဲသို့ ကျရောက်ရသည်။


ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်၌ ဖြစ်သော အကျိုး ၅-မျိုး ဟူသည်မှာ -

၁။ မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို မစွပ်စွဲ။

၂။ ပညာရှိတို့ စိစစ်၍ ချီးမွမ်းကြသည်။

၃။ ကောင်းသတင်း ထွက်သည်။

၎။ မတွေမဝေ သေရသည်။

၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် သုဂတိဘုံဘ၀ နတ်ပြည်သို့ ရောက်ရသည်။

ဆောင် - ကိုယ့်ကိုယ်ကို စွပ်၊ သူမြတ် ကဲ့ရဲ့၊ ထွက်တဲ့ မကောင်းသတင်း၊ သေလျင် တွေဝေ၊ ငရပြည်လား၊ ဤငါးပါး၊ ပြစ်များ ကြည်ညိုဖွယ် ကင်းသူမှာ။

သတ္တမသုတ် ပြီး၏။

No comments:

Post a Comment