ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 17 April 2011

၅။ ပိင်္ဂိယာနီသုတ်



မြတ်စွာဘုရား ဝေသာလီပြည် မဟာဝုန်တော အထွတ်တပ်သော ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ် လိစ္ဆ၀ီမင်း ၅၀၀ - တို့သည် မြတ်စွာဘုရားကို ဆည်းကပ်ခစားကြသည်။

အဆင်းညိုသည့် အချို့လိစ္ဆ၀ီမင်းတို့က

ညိုသောအ၀တ် ညိုသော တန်ဆာ ဆင်မြန်းထားကြသည်။


အဆင်းဝါရွှေသည့် အချို့လိစ္ဆ၀ီမင်းတို့က

ဝါရွှေသောအ၀တ် ၀ါရွှေသော တန်ဆာ ဆင်မြန်းထားကြသည်။


အဆင်းနီသည့် အချို့လိစ္ဆ၀ီမင်းတို့က

နီသောအ၀တ် နီသော တန်ဆာ ဆင်မြန်းထားကြသည်။


အဆင်းဖြူသည့် အချို့လိစ္ဆ၀ီမင်းတို့က

ဖြူသောအ၀တ် ဖြူသော တန်ဆာ ဆင်မြန်းထားကြသည်။


မြတ်စွာဘုရားသည် လိစ္ဆ၀ီမင်းအားလုံးတို့ထက်

အဆင်းရော အခြံအရံပါ သာလွန် တင့်တယ်နေသည်။


ထိုအခါ ပိင်္ဂိယာနီပုဏ္ဏားသည် နေရာမှ ထ, ၀ဲဖက်ပခုံးပေါ် ကိုယ်ရုံကိုတင်ကာ, မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီပြီး မြတ်စွာဘုရားကို ဟု ဤသို့ လျှောက်ထားသည် -

“တပည့်တော် လျှောက်ထားပါရစေဘုရား၊ လျှောက်ထားပါရစေ ဘုရား”

“ပိင်္ဂိယာနီ ! လျှောက်ထားလော့။”

ပိင်္ဂိယာနီပုဏ္ဏားသည် မြတ်စွာဘုရား၏ ရှေ့တော်၌ -

“နံနက်စောစော ပွင့်သည့် အနံ့ကောင်းသော အနံ့မပြယ်သော ကောကနဒမည်သော ပဒုမ္မာကြာပန်းကဲ့သို့ လည်းကောင်း၊

ကောင်းကင်၌ အမိုက်မှောင်ကို ပယ်ဖျောက်လျက် ထွန်းလင်း တောက်ပသော နေမင်းကဲ့သို့ လည်းကောင်း၊

ကိုယ်တော်မှ အရောင်တလက်လက် ထွက်ပေါ်ပြီး တင့်တယ်တော်မူလှသည့် မြတ်စွာဘုရားကို ဖူးမြင်ပါလော့” ဟု သင့်လျော်သော ပါဠိကဗျာဂါထာဖြင့် ချီးမွမ်းလေသည်။

လိစ္ဆ၀ီမင်းတို့က အပေါ်ရုံအ၀တ် ၅၀၀-ကို ပိင်္ဂိယာနီအား ပေးကြသည်၊ ပိင်္ဂိယာနီကလည်း ဘုရားရှင် အားရသမျှ အကုန် လှူလိုက်လေသည်။

ထိုအခါ မြတ်စွာဘုရားက လိစ္ဆ၀ီမင်းတို့ကို ဤသို့ ဟောတော်မူသည် -

“လောက၌ ထင်ရှားဖြစ်ပေါ်ခဲသည့် ရတနာ ၅-မျိုးမှာ - (တိကဏ္ဍကီဝဂ်၊ သာရန္ဒဒသုတ်နှင့် တူသည်)

ဆောင် - ဗုဒ္ဓတစ်ဆူ၊ ဟောတတ်သူနှင့်၊ သိသူ တစ်တန်၊ ကျင့်ကြံ တစ်ထူး၊ ကျေးဇူးသိသူ၊ ဤငါးဆူ၊ မှတ်ယူ ဒုလ္လဘ ရခဲစွ။

ပဉ္စမသုတ် ပြီး၏။

No comments:

Post a Comment