ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 5 April 2011

၎။ ဝေရသုတ်


မြတ်စွာဘုရားထံ ချဉ်းကပ်ရှိခိုးလျက် သင့်တင့်သော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးကို မြတ်စွာဘုရားက ဤသို့ မိန့်တော်မူသည် -

“ဒါယကာ! ဘေးရန် ၅-မျိုးကို မပယ်သောကြောင့် သီလမရှိသူဟုလည်း အပြောခံရသည်၊ ငရဲသို့လည်း ကျရောက်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ သူ့အသက်ကို သတ်တတ်သည်။ (စသည်ဖြင့် တိကဏ္ဍကီဝဂ်၊ နိရယသုတ်နှင့် တူသည်)

ဒါယကာ! ဘေးရန် ၅-မျိုးကို ပယ်ခြင်းကြောင့် သီလရှိသူ ဟုလည်း ချီးမွမ်းခံရသည်၊ သုဂတိဘ၀သို့လည်း ရောက်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သည်။ (စသည်ဖြင့် တိကဏ္ဍကီဝဂ်၊ နိရယသုတ်နှင့် တူသည်)

ဒါယကာ! သူ့အသက်သတ်သူသည် သူ့အသက်သတ်ခြင်းကြောင့် မျက်မှောက်ဘေးရန်လည်း တိုးပွါးသည်၊ တမလွန်ဘေးရန်လည်း တိုးပွါးသည်၊ စိတ်တဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရသည်။

သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူမှာ မျက်မှောက်ဘေးရန်လည်း မတိုးပွါး၊ တမလွန်ဘေးရန်လည်း မတိုးပွါး၊ စိတ်ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရ၊ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူမှာ အဆိုပါ ဘေးရန်များ ငြိမ်းသည်။

ထို့အတူ ပိုင်ရှင်မပေးသော သူ့ဥစ္စာကို ခိုးယူသူ စသော သီလကျိုးပေါက်သူသည် ထိုသီလကျိုးပေါက်ခြင်းကြောင့် မျက်မှောက်ဘေးရန်လည်း တိုးပွါးသည်၊ တမလွန်ဘေးရန်လည်း တိုးပွါးသည်၊ စိတ်ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရသည်။

သီလလုံခြုံသူမှာတော့ မျက်မှောက်ဘေးရန်လည်း မတိုးပွါး၊ တမလွန်ဘေးရန်လည်း မတိုးပွါး၊ စိတ်ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရ၊ သီလပြည့်စုံသူမှာ အဆိုပါ ဘေးရန်များ ငြိမ်းသည်။”

ဤအဓိပ္ပါယ်ကိုပင် ပါဠိကဗျာ ဂါထာဖြင့် တဖန် မိန့်တော်မူသည်။

ဆောင် - သတ်မူ ခိုးမူ၊ ကာမေသု နှင့်၊ လိမ်မူ တစ်ဖြာ၊ သေစာ သောက်စား၊ ရန်များ မပယ်၊ ထိုသူ့ဝယ်၊ အပါယ် ရောက်မည်မှတ်။

ငါးပါးသီလ၊ လုံခြုံကမူ၊ များကြည်ဖြူ၊ နတ်လူ ကောင်းရပ် ရောက်မည်မှတ်။


စတုတ္ထသုတ် ပြီး၏။

No comments:

Post a Comment