ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 20 April 2011

၃။ အဿာဇာနီယသုတ်


မင်းထိုက် ဆင်

ရဟန်းတို့ ! ဆိုလတံ့သော အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် မင်း၏ အာဇာနည်မြင်းကောင်းသည် မင်းနှင့် ထိုက်တန်သည်၊ မင်း သုံးဆောင်အပ်သည်၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟု ခေါ်ဝေါ်နိုင်သည်။

ယင်း ၅-မျိုးမှာ -

၁။ ဖြောင့်မတ်ခြင်း၊

၂။ လျင်မြန်ခြင်း၊

၃။ နူးညံ့ခြင်း၊

၎။ သည်းခံခြင်း၊

၅။ အကျင့် စင်ကြယ်ခြင်း တို့ဖြစ်သည်။


သံဃာ့ဂုဏ်ထိုက် ရဟန်း

ဤ အတူသာလျှင် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် အရပ်ဝေးမှ ဆောင်ယူလာသော အလှူကိုလည်း ခံထိုက်သည်၊ ဧည့်သည်အလို့ငှါ စီမံထားသော ၀တ္ထုကိုလည်း ခံထိုက်သည်၊ တမလွန်အတွက် ရည်မြှော်သော အလှူကိုလည်း ခံထိုက်သည်၊ လက်အုပ်ချီခြင်းငှါလည်း ခံထိုက်သည်၊ သတ္တ၀ါအပေါင်း၏ ကောင်းမူပြုရန် အမြတ်ဆုံး လယ်မြေလည်း ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ ဖြောင့်မတ်ခြင်း၊

၂။ လျင်မြန်ခြင်း၊

၃။ နူးညံ့ခြင်း၊

၎။ သည်းခံခြင်း၊

၅။ အကျင့် စင်ကြယ်ခြင်း တို့ဖြစ်သည်။

ဆောင် - ဖြောင့်မတ်, လျင်မြန်၊ နူးညံ့ပြန်နှင့်၊ သည်းခံ, ကျင့်ကောင်း၊ ကိန်းအောင်း အာဇာနည်။

တတိယသုတ် ပြီး၏။

No comments:

Post a Comment