ရဟန်းတို့ ! သီလရှိသော ရဟန်းများ ချဉ်းကပ်သည့် အိမ်နေလူများသည် အကြောင်း ၅-မျိုးဖြင့် ကုသိုလ်များစွာ တိုးပွါးကြသည်။
ယင်း ၅-မျိုးမှာ - အိမ်သို့ ကြွလာသည့် သီလရှိသော ရဟန်းကို -
၁။ ဖူးမြင်ရ၍ ကြည်ညိုသဒ္ဓါစိတ်ဖြစ်ခြင်းသည်
ထိုလူတို့အတွက် နတ်ပြည်ရောက်ကြောင်း အကျင့်ကို ကျင့်ရာရောက်သည်။
၂။ ခရီးဦးကြိုဆိုခြင်း, ရှိခိုးခြင်း, နေရာထိုင်ခင်းပေးခြင်း များသည်
ထိုလူတို့အတွက် မြတ်သော အမျိုး၌ ဖြစ်ရကြောင်း အကျင့်ကို ကျင့်ရာ ရောက်သည်။
၃။ နှမြောတွန့်တိုမူ အညစ်အကြေးကို ပယ်ဖျောက်၍ လှူဒါန်းလိုစိတ်ဖြစ်ခြင်းသည်
ထိုလူတို့အတွက် တန်ခိုးကြီးကြောင်း အကျင့်ကို ကျင့်ရာ ရောက်သည်။
၎။ စွမ်းအားရှိသလောက် လှူဒါန်းပေးကမ်းခြင်းသည်
ထိုလူတို့အတွက် ဥစ္စာပေါများကြောင်း အကျင့်ကို ကျင့်ရာရောက်သည်။
၅။ ပုစ္ဆာမေးကြ, ပြဿနာမေးကြ, တရားနာကြခြင်းသည်
ထိုလူတို့အတွက် ပညာကြီးကြောင်း အကျင့်ကို ကျင့်ရာရောက်သည်။
ဆောင် - ကြည်ညိုစိတ်လောက်၊ နတ်ပြည် ရောက်၏၊ တစ်ထောက် ရှိခိုး၊ အမျိုးမြတ်ပေ၊ မစ္ဆေ ပယ်ရှား၊ လှူစိတ်ထားမှန်၊ ဘုန်းကံကြီးမား၊ လှူငြား ချမ်းသာ၊ တရားနာ၊ ပညာကြီးကြောင်းမှတ်။
န၀မသုတ် ပြီး၏။

Sunday, 17 April 2011
၉။ ကုလသုတ်
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓသုတ်တော်များ(မြန်မာပြန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment