ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 27 April 2011

၂၃။ ဒီဃစာရိက၀ဂ် (ခရီးသွားခြင်းနှင့် ပတ်သက်သည့် သုတ်ပါသော အခန်း)


၁။ ပထမ ဒီဃစာရိကသုတ်

ရဟန်းတို့ ! ခရီးရှည်သွားခြင်း, အကန့်အသတ်မဲ့ ခရီးသွားခြင်းကို အဖန်တလဲလဲ ပြုလုပ်အားထုတ်သော ရဟန်း၏ အပြစ် ၅-မျိုးဟူသည်မှာ -

၁။ မကြားဖူးသည်ကို ကြားနာခွင့် မရ။

၂။ ကြားဖူသည်ကို သံသယမကင်းစေနိုင်။

၃။ ကြားဖူးသော တရားအချို့ဖြင့် ရဲရင့်ခြင်း မဖြစ်။

၎။ ပြင်းထန်စွာ ရောဂါ စွဲကပ်တတ်သည်။

၅။ အဆွေခင်ပွန်းလည်း မရှိ။


အကန့်အသတ်ထား၍ ခရီးသွားခြင်း၌ အကျိုး ၅-မျိုးတို့ဟူသည်မှာ -

၁။ မကြားဖူးသည်ကို ကြားနာခွင့် ရသည်။

၂။ ကြားဖူးသည်ကို သံသယကင်းစေနိုင်သည်။

၃။ ကြားဖူးသော တရားအချို့ဖြင့် ရဲရင့်သည်။

၎။ ပြင်းထန်သော ရောဂါ မစွဲကပ်။

၅။ အဆွေခင်ပွန်းလည်း ရှိသည်။

ဆောင် - ကန့်သတ် ပိုင်းခြား၊ ခရီးသွားမူ၊ မကြားဖူး ကြား၊ ကြားဖူး ဖြူစင်၊ ထို့ပြင် ရဲတင်း၊ ထန်ပြင်းရောဂါ၊ မကပ်လာဘဲ၊ မိတ်ဆွေလည်း ရှိ၊ ငါးပါးသိ၊ မှတ်ဘိ အကျိုးများ။

ပထမသုတ် ပြီး၏။

No comments:

Post a Comment