ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 17 April 2011

၇။ ၀ဿသုတ်


ရဟန်းတို့ ! နိမိတ်ဖတ်သူတို့ မသိနိုင်, သူတို့၏ နိမိတ်ဖတ် ပညာမျက်စိဖြင့် မသက်ဝင်နိုင်သည့် မိုး၏ အန္တရာယ် ၅-မျိုးဟူသည်မှာ -

၁။ အထက်ကောင်းကင်၌ တေဇောဓာတ် ဖောက်ပြန်ခြင်း၊

၂။ အထက်ကောင်းကင်၌ ၀ါယောဓာတ် ဖောက်ပြန်ခြင်း၊

၃။ ရာဟု ခေါ် အသူရိန်နတ်ကြီးက လက်ဖြင့် မိုးရေကို ခံပြီး သမုဒ္ဒရာ၌ စွန့်ပစ်လိုက်ခြင်း၊

၎။ မိုးနတ်များ မေ့လျော့နေကြခြင်း၊

၅။ လူအများ တရားမစောင့်ကြခြင်း -

ဤအကြောင်းများကြောင့် ပေါ်ပေါက်လာပြီးသော မိုးတို့ ကင်းပျောက်သွားကြရသည်။

ဆောင် - တေဇော, ၀ါယော၊ ဓာတ်သဘော ပျက်၊ သူရိန် လက်ဆော့၊ မေ့လျော့ မိုးနတ်၊ လူ့ရပ် တရားပျက် ဤငါးချက်၊ မိုးတွက် အန္တရာယ်။

သတ္တမသုတ် ပြီး၏။

No comments:

Post a Comment