ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 5 April 2011

၈။ ရာဇာသုတ်


ရဟန်းတို့ !

ယခု ငါမေးမည့် အရာကို သင်တို့ မည်သို့ မှတ်ထင်ကြသနည်း?။

၁။ “သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူကို ယင်းသို့ ရှောင်ကြဉ်ခြင်းကြောင့် ရှင်ဘုရင်တို့က ဖမ်းဆီး၍ သတ်ခြင်း, ချုပ်နှောင်ခြင်း, တိုင်းပြည်မှ နှင်ထုတ်ခြင်းစသည် ပြုလုပ်သည်ကို သင်တို့ မြင်ဖူးကြားဖူးကြသလော?။

“အရှင်ဘုရား ! မမြင်ဖူး မကြားဖူးကြပါ။”

“ရဟန်းတို့ ! ကောင်းပေစွ၊ ငါသည်လည်း မမြင်ဖူး မကြားဖူးပေ။ စင်စစ်သော်ကား -

“ဤသူသည် မိန်းမကိုဖြစ်စေ ယောက်ျားကိုဖြစ်စေ သတ်သည်” ဟု ထိုသူမကောင်းမူကို ရူတ်ချပြောဆိုကြသည်၊ ထိုလူသတ်ကောင်ကို ရှင်ဘုရင်တို့ကလည်း ဖမ်းဆီး၍ သတ်ခြင်း, ချုပ်နှောင်ခြင်း, တိုင်းပြည်မှ နှင်ထုတ်ခြင်း စသည် ပြုလုပ်ကြသည်၊ ဤသို့သော အကြောင်းကို သင်တို့ မြင်ဖူး ကြားဖူးကြသလော?။

“အရှင်ဘုရား ! မြင်ဖူး ကြားဖူးကြပါသည်၊ နောင်လည်း ကြားရပါလိမ့်မည်။”

ရဟန်းတို့ !

ထို့အတူ -

၂။ သူ မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူ,

၃။ ကိုယ်ပိုင်မဟုတ်သည့် သူတပါး သားမယားတို့၌ ကာမဆက်ဆံခြင်းမှ ရှောင်ကြဉ်သူ,

၎။ မုသားပြောခြင်းမှ ရှောင်ကြဉ်သူ,

၅။ မူးယစ်သေစာ သုံးစွဲခြင်းမှ ရှောင်ကြဉ်သူများကိုလည်း

ယင်းရှောင်ကြဉ်မူကြောင့် ရှင်ဘုရင်တို့ ဖမ်းဆီး၍ သတ်ခြင်း, ချုပ်နှောင်ခြင်း, တိုင်းပြည်မှ နှင်ထုတ်ခြင်းစသည့် ပြုလုပ်သည်ကို သင်တို့မြင်ဖူး ကြားဖူးကြသလော?။

“အရှင်ဘုရား !

“ရဟန်းတို့ !

ကောင်းပေစွ၊ ငါသည်လည်း မမြင်ဖူး မကြားဖူးပေ။

စင်စစ်သော်ကား -

ခိုးမူ, ကာမဂုဏ်မှားယွင်းမူ, အကျိုးမဲ့အောင် လိမ်ညာမူ ပြုသူများနှင့် မူးယစ်သေစာ သုံးစွဲပြီး ဒုစရိုက်လွန်ကျူးသူများကို လူတို့ကလည်း ကဲ့ရဲ့ရူတ်ချကြသည်၊ ရှင်ဘုရင်တို့ကလည်း ဖမ်းဆီး၍ သတ်ခြင်း, ချုပ်နှောင်ခြင်း, တိုင်းပြည်မှ နှင်ထုတ်ခြင်းစသည် ပြုလုပ်ကြသည်၊ ဤသို့သော အကြောင်းများကို သင်တို့ မြင်ဖူး ကြားဖူးကြပါသေလာ?။

“အရှင်ဘုရား !

မြင်ဖူး ကြားဖူးကြပါသည်၊ နောင်လည်း ကြားရပါလိမ့်မည်။”


ဆောင် - သတ်မူ, ခိုးမူ၊ လိမ်မူ တစ်ဖြာ၊ သေစာ သောက်စား၊ ငါးပါး ရှောင်ကြဉ်၊ သူတော်စင်၊ ကင်းစင် ရာဇ၀တ်ဘေး။

သတ်မူ, ခိုးမူ၊ ကာမေသုနှင့်၊ လိမ်မူ တစ်ဖြာ၊ သေစာ သောက်စား၊ ငါးပါး ပြုလုပ်၊ ထိုသူယုတ်၊ အချုပ် ထောင်နှင့် ဘေး။


အဋ္ဌမသုတ် ပြီး၏။

No comments:

Post a Comment