ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 25 April 2011

၈။ ဒုတိယ အပါသာဒိကသုတ်


ရဟန်းတို့ ! ကြည်ညိုဖွယ်မရှိသော ပုဂ္ဂိုလ်၌ ဖြစ်သော အပြစ် ၅-မျိုးဟူသည်မှာ -

၁။ မကြည်ညိုသေးသူတို့ မကြည်ညိုကြ။

၂။ ကြည်ညိုပြီးသူ အချို့တို့သည်လည်း အကြည်ညိုပျက်ကြသည်။

၃။ မြတ်စွာဘုရား အဆုံးအမတော်ကို လိုက်နာပြုကျင့်မူ မရှိ။

၎။ နောင်လာနောက်သား အတုလိုက်သည်။

၅။ ထိုပုဂ္ဂိုလ်၏ စိတ်သည် မကြည်လင်။


ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်၌ ဖြစ်သော အကျိုး ၅-မျိုးဟူသည်မှာ -

၁။ မကြည်ညိုသေးသူတို့ ကြည်ညိုကြသည်။

၂။ ကြည်ညိုပြီးသူတို့လည်း တိုး၍ ကြည်ညိုကြသည်။

၃။ မြတ်စွာဘုရားအဆုံးအမတော်ကို လိုက်နာပြုကျင့်သည်။

၎။ နောင်လာနောက်သား အတုလိုက်သည်။

၅။ ထိုပုဂ္ဂိုလ်၏ စိတ်သည် ကြည်လင်သည်။

ဆောင် - သူ မကြည်ညို၊ ကြည်ညိုပြီးလျက်၊ ကြည်ညိုကွက်၏၊ တစ်ချက် ဗုဒ္ဓ၊ ဆုံးမ နာယူ၊ နောင်လူ တုလိုက်၊ စိတ်၌ မကြည်၊ ဤငါးလီ၊ ဖြစ်မည်၊ ကြည်ညိုကင်းသူမှာ။

အဋ္ဌမသုတ် ပြီး၏။

No comments:

Post a Comment