ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 4 April 2011

၁၈။ ဥပါသက၀ဂ် (ဥပါသကာနှင့် ပတ်သက်သည့် သုတ်ပါသော အခန်)


၁။ သာရဇ္ဇသုတ်

ကြောက်ရွံ့ကြောင်းများ

ဤသို့ အကျွန်ုပ် ကြားခဲ့ရပါသည်။

မြတ်စွာဘုရား သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ ဇေတ၀န်ကျောင်း အာရာမ်၌ သီတင်းသုံး နေတော်မူစဉ် မြတ်စွာဘုရားက “ရဟန်းတို့”ဟု ခေါ်တော်မူလျှင် ရဟန်းတို့ကလည်း “အရှင်ဘုရား” ဟု ပြန်ကြားလျှောက်ထားကြသည်။

မြတ်စွာဘုရားက ဤသို့ ဆက်လက် မိန့်ကြားတော်မူပါသည်။

“ရဟန်းတို့ !

ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ဥပါသကာ(ရတနာ ၃-ပါးသို့ ဆည်းကပ်တတ်သူ) သည် ကြောက်ရွံ့သည်။

ယင်း ၅-မျိုးမှာ -

၁။ သူ့အသက်ကို သတ်တတ်သည်၊ (စသည်ဖြင့် တိကဏ္ဍကီဝဂ်၊ နိရယသုတ်နှင့် တူသည်)


ရဲရင့်ကြောင်းများ

ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ဥပါသကာသည် ရဲရင့်သည်။

ယင်း ၅-မျိုးမှာ -

၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သည်။ (စသည်ဖြင့် တိကဏ္ဍကီဝဂ်၊ နိရယသုတ်နှင့် တူသည်)

ပထမသုတ် ပြီး၏။

No comments:

Post a Comment