ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 17 April 2011

၈။ ၀ါစာသုတ်


ရဟန်းတို့ ! အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် စကားသည် ကောင်းစွာဆိုအပ်သည် မည်သည်၊ မကောင်းသဖြင့် ဆိုအပ်သည် မမည်၊ အပြစ်လည်း မရှိ၊ ပညာရှိတို့ အကဲ့ရဲ့လည်း မခံရ။

ယင်း ၅-မျိုးမှာ -

၁။ သင့်လျော်သောအခါ၌ ပြောဆိုခြင်း။

၂။ မှန်ကန်သော စကားကို ပြောဆိုခြင်း။

၃။ သိမ်မွေ့သော စကားကို ပြောဆိုခြင်း။

၎။ အကျိုးစီးပွါးနှင့် စပ်သော စကားကို ပြောဆိုခြင်း။

၅။ မေတ္တာစိတ်ဖြင့် ပြောဆိုခြင်း။

ဆောင် - ခါသင့် စကား၊ မှန်ငြား ဆိုလေ့၊ သိမ်မွေ့ တစ်မျိုး၊ အကျိုးနှင့် စပ်၊ စိတ်ဓာတ် မေတ္တာ ပြောဆိုရာ၊ ၀ါစာ အင်္ဂါ ငါး။

အဋ္ဌမသုတ် ပြီး၏။

No comments:

Post a Comment