ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 24 April 2011

၂၂။ အက္ကောသက၀ဂ် (ဆဲရေးမူနှင့် ပတ်သက်သည့် သုတ်ပါသော အခန်း)


၁။ အက္ကောသကသုတ်

ရဟန်းတို့ ! သီတင်းသုံးဖော်တို့ကိုလည်း ဆဲရေးတတ် ရေရွတ်ကြိမ်းမောင်းတတ်, အရိယာပုဂ္ဂိုလ်တို့ကိုလည်း စွပ်စွဲတတ်သော ရဟန်းသည် ဆိုလတံ့သော အပြစ် ၅-မျိုးကို ဧကန် ရလိမ့်မည်။

ယင်း ၅-မျိုးမှာ -

၁။ သာသနာတော်မှ ဆုံးရူံးသည်၊ လောကုတ္တရာတရား ကင်းပြတ်သည်။

၂။ ညစ်နွမ်းသော အာပတ် တစ်မျိုးမျိုးသို့မူလည်း ရောက်သည်။

၃။ ပြင်းထန်သော ရောဂါသို့မူလည်း ရောက်သည်။

၎။ တွေဝေလျက် သေရသည်။

၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် ဒုဂ္ဂတိဘ၀ အပါယ်ငရဲသို့ ကျရောက်ရသည်။

ဆောင် - သီတင်းသုံးဖော်၊ ဆဲသော် တစ်ဖြာ၊ အရိယာများ၊ စွပ်စွဲငြားမူ၊ ဆုံးပါး သာသနာ၊ လောကုတ္တရာကင်း၊ သင့်ခြင်း အာပတ်၊ ရောက်လတ် ရောဂါ၊ တွေဝေကာ သေ၊ ငရဲပြေလား၊ ဤ ငါးပါး၊ မှတ်သား ဆဲပြစ်တွေ။

ဆဲရေားကြောင်း ၀တ္ထု ၁၀-မျိုး

ဇာတိ နာမ, ဂေါတ္တ ကမ္မာ၊ သိပ္ပါဗာဓ, လိင်္ဂ ကိလေသာ။
အာပတ္တာ က္ကောသ၊ ဤဆယ်ဝ၊ အက္ကောသ ၀တ္တုတည်း။ (ပါတိမေက် ဘာသာဋီကာ)


ပထမသုတ် ပြီး၏။

No comments:

Post a Comment