ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 1 April 2011

၅။ ပဉှပုစ္ဆာသုတ်


အရှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့ရှင်တို့” ဟု ခေါ်တော်မူပြီး ဤဆိုလတံ့သော တရားကို ဟောတော်မူသည် -

ငါ့ရှင်တို့ ! သူတပါးကို ပြဿနာမေးသူ မှန်သမျှသည် ဆိုလတံ့သော အကြောင်း ၅-မျိုးလုံးဖြင့်ဖြစ်စေ, တမျိုးမျိုးဖြင့်ဖြစ်စေ မေးတတ်သည်။

ယင်း ၅-မျိုးမှာ

ဤသာသနာတော်၌ ရဟန်းသည် -

၁။ အလွန်ညံ့ဖျင်းသောကြောင့်လည်းကောင်း -

၂။ အထင်ကြီးခံလိုသောကြောင့်လည်းကောင်း -

၃။ နှိပ်စက်လိုသောကြောင့်လည်းကောင်း -

၎။ သိလိုသောကြောင့်လည်းကောင်း -

၅။ “ငါမေးသော သူဖြေနိုင်လျှင်တော့ ကောင်းသားပဲ၊ မဖြေဆိုနိုင်လျှင် ငါဖြေဆိုပေးမည်” ဟူသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း -

ငါ့ရှင်တို့ ! ငါသည်မူကား အဆိုပါ ၅-မျိုးတွင် နံပါတ် ၅-ပုံစံဖြင့် မေးလေ့ရှိသည်” ဟု မိန့်တော်မူသည်။

ဆောင် - ညံ့၍ တသီး၊ ထင်ကြီးစေလို၊ နှိမ်လို တစ်ဖြာ၊ သိလိုရာတွက်၊ ဖြေလိုလျက်၊ ငါးချက် မေးနည်းများ။

ပဉ္စမသုတ် ပြီး၏။

No comments:

Post a Comment