ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 1 April 2011

၁၇။ အာဃာတ၀ဂ် (အာဃာတနှင့် ပတ်သက်သည့် သုတ်ပါသော အခန်း)



၁။ ပထမ အာဃာတပဋိဝိနယသုတ်

ရဟန်းတို့ ! အာဃာတ(ရန်ငြိုးဖွဲ့ခြင်း)ကို ပယ်ဖျောက်ကြောင်း တရားတို့သည် ဤ ၅-မျိုးတို့တည်း။

အာဃာတဖြစ်ပေါ်လာရာ၌ ဤဆိုလတံ့သော တရား ၅-မျိုးဖြင့် အာဃာတကို အချင်းခပ်သိမ်း ပယ်ဖျောက်ရမည်။

ယင်း ၅-မျိုးမှာ -

အာဃာတဖြစ်ပေါ်ရာ ပုဂ္ဂိုလ်အပေါ်၌

၁။ မေတ္တာ ပွါးခြင်းဖြင့်လည်းကောင်း -

၂။ ကရုဏာ ပွါးခြင်းဖြင့်လည်းကောင်း -

၃။ ဥပေက္ခာ ထားခြင်းဖြင့်လည်းကောင်း -

၎။ သတိမထား နှလုံးမသွင်းခြင်းဖြင့်လည်းကောင်း -

၅။ ကံသာ မိမိဥစ္စာရှိသည့်အဖြစ်ကို ဆောက်တည်၍လည်းကောင်း -

အာဃာတကို ပယ်ဖျောက်ရမည်။

ဆောက်တည်ပုံမှာ -

“ဤသူသည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၊ ကံ၏ အမွေခံဖြစ်သည်၊ ကံသာလျှင် အကြောင်းရှိသည်၊ ကံသာလျှင် အဆွေအမျိုးရှိသည်၊ ကံသာလျှင် မှီခိုအားထားရာရှိသည်၊ မိမိပြုလုပ်မည့် ကောင်းကံ, မကောင်းကံ၏ အမွေကို ခံရပေလိမ့်မည်” ဟု ဆောက်တည်ရမည်။

ဆောင် - မေတ္တာ, ကရုဏာ၊ ဥပေက္ခာထား၊ တခြား နှလုံးမသွင်း၊ အရင်း ကံသာ၊ ဖြစ်ကြရာဟု၊ နှလုံးပြု၊ ဖျောက်မူ အာဃာတ။

ပထမသုတ် ပြီး၏။

No comments:

Post a Comment