၁။ အာရညိကသုတ်
ရဟန်းတို့ ! တော၌ နေသော ရဟန်း ၅-မျိုးဟူသည်မှာ -
၁။ ပညာနည်းပါး မသိမလိမ္မာခြင်းကြောင့် တော၌ နေသည်။
၂။ အထင်ကြီးခံလိုခြင်း ဟူသော အလိုဆိုး နှိပ်စက်ခံရခြင်းကြောင့် တော၌ နေရသည်။
၃။ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းကြောင့် တော၌ နေသည်။
၎။ မြတ်စွာဘုရားနှင့် မြတ်စွာဘုရား၏ တပည့်သာဝကတို့ ချီးမွမ်းကြသည်ဟု နှလုံးသွင်း၍ တော၌ နေသည်။
၅။ အလိုနည်းမူ, ရောင့်ရဲမူ, ခေါင်းပါးမူ, ဆိတ်ငြိမ်မူ ဟူသော အကျိုးရှိမူကိုသာ မှီ၍ တော၌ နေသည်။
ဤ ၅-မျိုးတွင် နံပါတ် ၅-ပါ ရည်ရွယ်ချက်ဖြင့် တော၌ နေသော ရဟန်းသည် အမြတ်ဆုံးဖြစ်သည်၊ အကြီးအမှူးဖြစ်သည်။
ဥပမာအားဖြင့် နွားမမှ နို့ရည်၊ နို့ရည်မှ နို့ဓမ်း၊ နို့ဓမ်းမှ ဆီဦး၊ ဆီဦးမှ ထောပတ်၊ ထောပတ်မှ ထောပတ်ကြည် ဖြစ်ရာ၌ ထောပတ်ကြည်သည် အမြတ်ဆုံးဖြစ်သကဲ့သို့တည်း - ဟု မိန့်တော်မူသည်။
ဆောင် - ညံ့၍ တသီး၊ အထင်ကြီးဖို့ရာ၊ စိတ်မှာ ရူးသွပ်၊ သူမြတ် ချီးမွမ်းခံ၊ ဧကန် အကျိုး၊ ရည်မျှော်ကိုး၊ ငါးမျိုး ဓုတင်ဆောင်။ (နောက်သုတ်များအတွက်ပါ ရော၍ ဆိုသည်)
ပထမသုတ် ပြီး၏။
Thursday 7 April 2011
၁၉။ အရည၀ဂ် (တောနေ ရဟန်းနှင့် ပတ်သက်သည့် သုတ်ပါသော အခန်း)
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓသုတ်တော်များ(မြန်မာပြန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment