ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 2 April 2011

၈။ သီလသုတ်



အရှင်သာရိပုတြာက ရဟန်းတို့ကို မိန့်တော်မူသည်မှာ -

၁။ သီလပျက်စီးခြင်းသည် -

သမ္မာသမာဓိပျက်စီးကြောင်းဖြစ်သည်။


၂။ သမ္မာသမာဓိ ပျက်စီးခြင်းသည် -

ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင် ပျက်စီးကြောင်းဖြစ်သည်။


၃။ ယင်းဉာဏ်အမြင် ပျက်စီးခြင်းသည် -

နိဗ္ဗိဒါဉာဏ်နှင့် ၀ရာဂဉာဏ် ပျက်စီးကြောင်းဖြစ်သည်။


၎။ နိဗ္ဗိဒါဉာဏ်နှင့် ၀ိရာဂဉာဏ် ပျက်စီးခြင်းသည် -

လွတ်မြောက်မူအရဟတ္တဖိုလ်နှင့် ၎င်းဉာဏ်ကို သိသော ပစ္စ၀က္ခေဏာဉာဏ် ပျက်စီးကြော်ငးဖြစ်သည်။

ဥပမာ -

သစ်ပင်၌ အခက်, အရွက် ပျက်စီးလျှင် သစ်ပင်၏ အပွေးလည်း မပြည့်စုံနိုင်၊ အခွံ, အကာ, အနှစ်လည်း မပြည့်စုံနိုင်တော့သကဲ့သို့တည်း”။

“ငါ့ရှင်တို့ !

၁။ သီလပြည့်စုံခြင်းသည် -

သမ္မာသမာဓိပြည့်စုံကြောင်းဖြစ်သည်။


၂။ သမ္မာသမာဓိပြည့်စုံခြင်းသည် -

ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင် ပြည့်စုံကြောင်းဖြစ်သည်။


၃။ ယင်းဉာဏ်အမြင် ပြည့်စုံခြင်းသည် -

နိဗ္ဗိဒါဉာဏ်နှင့် ၀ရာဂဉာဏ် ပြည့်စုံကြောင်းဖြစ်သည်။


၎။ နိဗ္ဗိဒါဉာဏ်နှင့် ၀ိရာဂဉာဏ် ပြည့်စုံခြင်းသည် -

လွတ်မြောက်မူ အရဟတ္တဖိုလ်နှင့် ၎င်းဉာဏ်ကို သိသော ပစ္စ၀က္ခေဏာဉာဏ် ပြည့်စုံကြောင်းဖြစ်သည်။

ဥပမာ -

သစ်ပင်၌ အခက်, အရွက် ပြည့်စုံလျှင် သစ်ပင်၏ အပွေးလည်း ပြည့်စုံနိုင်၊ အခွံ, အကာ, အနှစ်လည်း ပြည့်စုံနိုင်တော့သကဲ့သို့တည်း”။

မှတ်ချက် - ပဉ္စင်္ဂိက၀ဂ်၊ ဒုဿီလသုတ်နှင့် တူသည်၊ ဘုရားဟောနှင့် အရှင်သာရိပုတြာ ပြန်ဟောခြင်းသာ ထူးသည်၊ ဤ၌ ဘာသာပြန်ပုံ တစ်မျိုးအနေဖြင့် ထပ်ပြထားခြင်းဖြစ်သည်။

အဋ္ဌမသုတ် ပြီး၏။

No comments:

Post a Comment