ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 5 April 2011

၇။ ၀ဏိဇ္ဇာသုတ်



ရဟန်းတို့ ! ဥပါသကာသည် ဆိုလတံ့သော ကုန်သွယ်ရောင်းဝယ်မူ ၅-မျိုးကို မပြုသင့်။

ယင်း ၅-မျိုးမှာ -

၁။ လက်နက် ကုန်သွယ်ရောင်းဝယ်ခြင်း။

၂။ လူသတ္တ၀ါကို ကုန်သွယ်ရောင်းဝယ်ခြင်း။

၃။ အသားကို ကုန်သွယ်ရောင်းဝယ်ခြင်း။

၎။ သေအရက်ကို ကုန်သွယ်ရောင်းဝယ်ခြင်း။

၅။ အဆိပ်ကို ကုန်သွယ်ရောင်းဝယ်ခြင်း

တို့ဖြစ်သည်။

ဆောင် - လက်နက်, လူများ၊ အသား, သေရက်၊ အဆိပ်စွက်၊ ငါးချက် ရောင်းဝယ် မပြုသင့်။

သတ္တမသုတ် ပြီး၏။

No comments:

Post a Comment