ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 1 May 2011

၅။ အနုကမ္ပသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ကျောင်းထိုင် ရဟန်းသည် လူတို့ကို သနား စောင့်ရှောက်ရာရောက်သည်။

ယင်း ၅-မျိုးမှာ -

၁။ လွန်မြတ်သော ငါးပါးသီလကို ဆောက်တည်စေသည်။

၂။ သစ္စာလေးပါးတရားကို သိမြင်သော ဉာဏ်၌ သက်ဝင်တည်နေစေသည်။

၃။ မကျန်းမမာသူတို့ထံ သွား၍ -

“ဒါယကာတို့ !

သင်တို့သည် ပူဇော်အထူးကို ခံထိုက်သော ရတနာ ၃-ပါးအပေါ်မှာ သတိမလစ်စေကြနှင့်” ဟု နိုးဆော် ပြောကြားတတ်သည်။

၅။ မကောင်းသော ဆွမ်း, ကောင်းသော ဆွမ်း မည်သည့်ဆွမ်းကိုမဆို လှူသည် ဖြစ်စေ ကိုယ်တိုင် ဘုဉ်းပေးသည်၊ အလှူရှင်တို့ သဒ္ဓါပျက်အောင် မလုပ်။

ဆောင် - တည်စေ သီလ၊ သစ္စာပြကာ၊ လူမမာတွေ၊ ထင်စေ သတိ၊ များဘိ သံဃာ၊ ဒကာနိုးဆော်၊ လှူသော်ဆွမ်းများ၊ ကိုယ်တိုင်စား၊ သနားစောင့်တတ် ကျောင်းထိုင်မြတ်။

ပဉ္စမသုတ် ပြီး၏။

No comments:

Post a Comment