၄၃။ နတ်သမီး (သင်သည်) နီဖလံရွှေတို့ဖြင့် မိုးအပ်သော လှေသို့တက်စီး၍ တည်နေဘိ၏၊ ရေကန်သို့ သက်ဆင်းကာ ပဒုမာကြာကို လက်ဖြင့် ဆွတ်ခူး၏။
၄၄။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်းဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုး ချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်စိမ်အားလုံးတို့ ဖြစ်ကုန်သနည်း။
၄၅။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါမေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဘူးသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။
၄၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက် ၀မ်းသာ ဤ(မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည်အားလျော်စွာ ဖြေကြား လျှောက်ထား၏။
၄၇။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက ရေမွတ်သိပ်ကြကုန်သည်ဖြစ်၍ ပင်ပန်း နွမ်းနယ်ကြသော ရဟန်းတို့ကို မြင်၍ ထကြွလုံ့လပြုလျက် သောက်ရေကို ပေးလှူခဲ့ဘူးပါပြီ။
၄၈။ အကြင်သူသည် ရေမွတ်သိပ်ကြကုန်သည်ဖြစ်၍ ပင်ပန်းနါမ်းနယ်သူတို့အား ထကြွ လုံ့လပြုလျက် သောက်ရေကို ပေးလှူ၏၊ ထိုသူအား များပြားသောပန်း များပြားသော ကြာပုဏ္ဍရိတ် အေးမြသော ရေရှိကုန်သော ရေကန်တို့ ဖြစ်ပေါ်လာနိုင်ကုန်၏။
၄၉။ စီးသွားသောရေ အေးမြသောရေရှိ၍ သဲအခင်းရှိကုန်သော မြစ်တို့သည်၎င်း ပတ်လုံးကျွတ်ပွင့်ကုန်သော သရက်ပင် အင်ကြင်းပင် ပြည့်စင်ပင် သပြေပင် ငုပင် သခွတ်ပင်တို့သည်၎င်း ထိုဗိမာန်ကို အခါခပ်သိမ်း ၀န်းရံကုန်၏။
၅၀။ ဤနတ်ပြည်၌ ထိုသို့သော မြေအတို့တို့နှင့် ပြည့်စုံသည့် သဘောရှိသော အလွန်တင့်တယ်သော မြတ်သောဗိမာန်ကို (အကျွန်ုပ် ရပါ၏)၊ ဤအကျိုးသည် ထို (သောက်ရေကို ပေးလှူခဲ့သော ကုသိုလ်) ကံ၏ အကျိုးသာလျှင်တည်း၊ ကောင်းမူကို ပြုသူတို့သည် ဤသို့သော အကျိုးကို ရနိုင်ကြပါကုန်၏။
၅၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုး ချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။
၅၂။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်က အကျွန်ုပ်သည် အကြင် (သောက်ရေကို ပေးလှူခြင်း) ကောင်းမူကို ပြုခဲ့ဘူးပါပြီ၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့ ထွန်းလင်း တောက်ပသော အာနုဘော် ရှိပါ၏၊ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပါပ၏ (ဟု ဖြေကြား၏)။
ခြောက်ခုမြောက်သော ပဌမနာဝါ၀ိမာန၀တ္ထု ပြီး၏။
Sunday 22 May 2011
၆ - ပဌမနာဝါ၀ိမာန၀တ္ထု
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဇာတ်တော်ဝတ္ထုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment