ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 4 May 2011

၁၀။ ဒုတိယ မစ္ဆရိယသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသော ကျောင်းထိုင် ရဟန်းသည် ဆောင်ယူချထားသည်နှင့်မခြား အလားတူစွာ ငရဲ၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ နေရာထိုင်ခင်း၌ ၀နှမြော တွန့်တိုမူ မစ္ဆရိယ ပွါးသည်။

၂။ ဒါယကာတို့၌ နှမြော တွန့်တိုမူ မစ္ဆရိယ ပွါးသည်။

၃။ ပစ္စည်း လာဘ်လာဘ၌ နှမြော တွန့်တိုမူ မစ္ဆရိယ ပွါးသည်။

၎။ ဂုဏ်, အဆင်း၌ နှမြော တွန့်တို မစ္ဆရိယ ပွါးသည်။

၅။ ပရိယတ်တရား၌ နှမြော တွန့်တိုမူ မစ္ဆရိယ ပွါးသည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသော ကျောင်းထိုင် ရဟန်းသည် ဆောင်ယူချထားသည်နှင့်မခြား အလားတူစွာ နတ်ပြည်၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ နေရာထိုင်ခင်း၌ ၀နှမြော တွန့်တိုမူ မစ္ဆရိယ မပွါး။

၂။ ဒါယကာတို့၌ နှမြော တွန့်တိုမူ မစ္ဆရိယ မပွါး။

၃။ ပစ္စည်း လာဘ်လာဘ၌ နှမြော တွန့်တိုမူ မစ္ဆရိယ မပွါး။

၎။ ဂုဏ်, အဆင်း၌ နှမြော တွန့်တို မစ္ဆရိယ မပွါး။

၅။ ပရိယတ်တရား၌ နှမြော တွန့်တိုမူ မစ္ဆရိယ မပွါး။

ဆောင် - ကျောင်းနှင့် ဒကာ၊ လာဘ်ပါ ဂုဏ်, ဆင်း၊ မယွင်း ဓမ္မ၊ တွန့်တိုက၊ မုချ ငရဲ သူ့တွက်ပဲ။

ဒသမသုတ် ပြီး၏။

၎-ခုမြောက် အာဝါသိက၀ဂ် ပြီးပြီ။

No comments:

Post a Comment