ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 1 May 2011

၎။ ဗဟူပကာရသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ကျောင်းထိုင် ရဟန်းသည် ကျောင်းအတွက် ကျေးဇူးများသည်။

ယင်း ၅-မျိုးမှာ -

၁။ သီလရှိသည်။

၂။ ဗဟုသုတရှိသည်။

၃။ ကျိုးပျက်သည်ကို တစ်ဖန် ပြုပြင်တတ်သည်။

၎။ ဧည့်သံဃာများ ရောက်လာသောအခါ ဒကာတို့ကို နိုးဆော်တတ်သည်။

မြို့ရွာအသီးသီးနေ ရဟန်းများ ကြွလာကြသဖြင့် ရဟန်းသံဃာများသည့် အခါမျိုး၌ ဒါယကာတို့ထံ သွား၍ -

“ဒါယကာတို့ !

ကြွရောက်လာသော ရဟန်းသံဃာများသည် မြို့ရွာအသီးသီးနေ ရဟန်းများ ဖြစ်ကြသည်၊ ကုသိုလ် ကောင်းမူတို့ကို ပြုကြလော့၊ ကုသိုလ် ကောင်းမူပြုရန် အချိန်အခါပင်တည်း” ဟု နိုးဆော် ပြောကြားတတ်သည်။

၅။ ရူပါဝစရ ဈာန် ၄-ပါးတို့ကို မငြိုမငြင် မပင်မပန်း အလိုရှိတိုင်း ရသည်။
(၁။ ၂။ ၅-တို့၏ အကျယ်ကို ထေရ၀ဂ်၊ သီလ၀န္တသုတ်အတိုင်း သိလေ)

ဆောင် - သီလလည်း ရှိ၊ ကြားမြင် ရှိကာ၊ ကျိုးပျက်တာကို၊ သေချာ ပြင်တတ်၊ ရောက်လတ် သံဃာ၊ များသောခါဝယ်၊ ဒကာ နိုးဆော်၊ လေးဖော် ဈာန်ရ၊ ဤလေးဝပိုင်၊ ထိုကျောင်းထိုင်၊ ဖြိုင်ဖြိုင် အကျိုးများ။

စတုတ္ထသုတ် ပြီး၏။

No comments:

Post a Comment