ဝိမာန၀တ္ထုပါဠိတော်တွင် ဣတ္ထိဝိမာန, ပုရိသ၀ိမာန (အမျိုးသမီးဝိမာနပိုင်း, အမျိုးသား ၀ိမာနပိုင်း) ဟူ၍ နှစ်ပိုင်းရှိရာ ဣတ္ထိဝိမာနဟူသောအပိုင်း (လူ့ပြည်မှ ဒါနသီလစသော ကုသိုလ် ကောင်းမူများကိုပြု၍ နတ်ပြည် နတ်ဗိမာန်အသီးသီး၌ ဖြစ်ကြရသော နတ်သမီးတို့အကြောင်း) ကို ဖော်ပြထားရာ၌ (အမည်မျှသာပြသော ၀တ္ထုများကိုချန်လှပ်၍) ၈၅-၀တ္ထုပါရှိပေသည်၊ ထို ၈၅-၀တ္ထုပါရှိပေသည်၊ ထို ၈၅-၀တ္ထုတွင် သဘောတူရာပေါင်း၍ -
(၁) သောတာပန်ဖြစ်ပြီး နတ်ပြည်ရောက်သော ၀တ္ထု ၅-၀တ္ထု
(၂) ဘုရားကိုကြည်ညို၍ လက်အုပ်ချီမိုး ရှိခိုးရုံမျှနှင့် နတ်ပြည်ရောက်သော ၀တ္ထု ၂-၀တ္ထု
(၃) ကျောင်းအလှူပွဲတွင် သာဓုခေါ်ရုံမျှဖြင့် နတ်ပြည်ရောက်သော ၀တ္ထု ၁-၀တ္ထု
(၄) သီလသက်သက်ဖြည့်ကျင့်၍ နတ်ပြည်ရောက်သော ၀တ္ထု ၂-၀တ္ထု
(၅) ဒါန, သီလပူးတွဲပြုသဖြင့် နတ်ပြည်ရောက်သော ၀တ္ထု ၇-၀တ္ထုနှင့်
(၆) ကျန်သောဝတ္ထုအားလုံးမှာ ဒါနပြု၍ နတ်ပြည်သို့ ရောက်သော ၀တ္ထုချည်းဖြစ်လေသည်။
ဤသို့ ဒါနနှင့်ဆိုင်သော ၀တ္ထုများပြားရသည်မှာလည်း ၀တ္ထု၏အကြောင်းခံမှာ မြတ်စွာဘုရားကဲ့သို့သော အဂ္ဂဒက္ခိဏေယျ အမြတ်ဆုံးအလှူခံပုဂ္ဂိုလ်များ ပွင့်ထွန်းပေါ် ပေါက်ချိန်တွင် လှူဒါန်းရခြင်းနှင့် မြတ်စွာဘုရားကို မျက်မှောက်ဖူးတွေ့ရသဖြင့် သာမညဖြစ်ရိုးဖြစ်စဉ် သဒ္ဓါစေတနာတို့ထက် ထူးကဲလှသော တကယ့်သဒ္ဓါစစ် ဖြစ်ပေါ်လာခြင်းတို့ကြောင့်ဖြစ်ပေရာ ထိုအချက်မှာ အထူးသတိချပ်စရာပင် ဖြစ်သည်။
ထိုအချက်ကို ထင်ရှားစေရန် ဤ၀ိမာန၀တ္ထု ပါဠိတော်မြန်မာပြန် ၌ လားရှိသော တတိယနာဝါ၀ိမာန၀တ္ထု ၏အဖွင့် ၀တ္ထုနိဒါန်းကု အဋ္ဌကထာမှ တိုက်ရိုက်မြန်မာပြန်တွင် ဖော်ပြပေးပါဦးမည်။

Wednesday, 11 May 2011
ဝိမာန၀တ္ထု
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဇာတ်တော်ဝတ္ထုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment