ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 7 May 2011

၈-၁၇။ အာဇီဝကသုတ် စသည် (၁၀) သုတ်


အာဇီဝက (တက္ကတွန်း)၊ နိဂဏ္ဌ၊ မုဏ္ဍ၏ တပည့်၊ ဆံကျစ်ရသေ့၊ အ၀တ်ဝတ်သော ပရိဗိုဇ်၊ မာဂဏ္ဍိက တိတ္ထိ၊ တေဒဏ္ဍိက တိတ္ထိ၊ အာရုဒ္ဓ တိတ္ထိ၊ ဂေါတမက တိတ္ထိ၊ ဒေ၀ဓမ္မိကတိတ္ထိတို့၏ ငရဲကျကြောင်းများလည်း -

၁။ သူ့အသက်သတ်ခြင်း၊

၂။ ပိုင်ရှင် မပေးသော သူ့ဥစ္စာကို ခိုးယူသည်။

၃။ မေထုန်မှီဝဲသည်။

၎။ မဟုတ်မမှန် ပြောသည်။

၅။ မူးယစ်သေစာ သုံးစွဲခြင်း တို့ဖြစ်သည်။

(အာဇီဝက - အ၀တ်မ၀တ်သော မိစ္ဆာအယူရှိသူ၊ ပရိဗ္ဗာဇက - ပရိဗိုဇ် - အ၀တ်ဝတ်သော မိစ္ဆာအယူရှိသူ၊ နိဂဏ္ဌ - ကိလေသာအရူပ်အထွေး ကင်းသူဟု ၀န်ခံသော ဂျိန်းဘာသာ ခေါင်းဆောင်၊ တိတ္ထိ - ဗုဒ္ဓအယူမှ တပါးသော မိစ္ဆာအယူရှိသူ)

၁၇-ခုမြောက် သုတ် ပြီး၏။

သိက္ခာပဒပေယျာလ ပြီးပြီ။

No comments:

Post a Comment