ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 5 May 2011

၁၄။ အပရ ပထမ ဈာနသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးကို မပယ်ဘဲ ပထမဈာန်သို့ ရောက်၍ နေရန် မထိုက်။

ယင်း ၅-မျိုးမှာ -

၁။ နရာထိုင်ခင်း၌ နှမြော တွန့်တိုခြင်း။

၂။ ဒါယကာ၌ နှမြော တွန့်တိုခြင်း။

၃။ လာဘ်၌ နှမြော တွန့်တိုခြင်း။

၎။ ဂုဏ်, အဆင်း၌ နှမြော တွန့်တိုခြင်း။

၅။ သူ့ကျေးဇူးကို မသိခြင်း, သူ့ကျေးဇူးကို ထင်စွာမပြုခြင်း တို့တည်း။

ဆိုလတံ့သော တရား ၅-မျိုးကို ပယ်ခြင်းကြာင့် ပထမဈာန်သို့ ရောက်၍ နေရန် ထိုက်သည်။

ယင်း ၅-မျိုးမှာ - ( အဆိုပါ ၅-ပါးပင် ဖြစ်သည်)

၁၄-ခုမြောက် သုတ် ပြီး၏။

No comments:

Post a Comment