ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 22 May 2011

၅ - ကုဉ္ဇရ၀ိမာန၀တ္ထု


၃၁-၂။ ပဒုမာကြာချပ်နှင့်တူသော မျက်စိရှိသော ပဒုမာ နတ်သမီး သင်၏မြတ်သော စီးတော်ဆင်သည်-၁ အထူးထူးသော ရတနာ အဆင်တန်ဆာ ရှိ၏၊ နှစ်သက်ဖွယ်လည်း ရှိ၏၊ ခွန်အားလည်း ရှိ၏၊ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ ကောင်းကင်၌လည်း ငြိမ့်ငြောင်းစွာ သွား၏၊ ပဒုမာကြာ၏ အရောင်ကိုလည်း ဆောင်၏၊ ပဒုမာကြာဝတ်မူန်တို့ဖြင့် ပြွမ်းသော ကိုယ်အင်္ဂါလည်း ရှိ၏၊ ရွှေဖြင့်ပြီးသော ကြာပန်းကိုလည်း ဆောင်၏။

၃၃။ ပဒုမာကြာတို့ဖြင့်ပြွမ်း၍ ပဒုမာကြာချပ်တို့ဖြင့် တန်ဆာဆင်လျက် တည်ရှိသော ခရီးလမ်းသို့ ဆင်သည် ၂ သာယာဖြည့်ညှင်းစွာ သွား၏၊ မနှေးမမြန် သွား၏။

၃၄။ ထိုဆင်သွားသောအခါ ရွှေဆည်းလည်းတို့သည် နှစ်သက်ဖွယ်သော အသံ ရှိကြပေကုန်၏၊ ထိုဆည်းလည်းတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာသံကဲ့သို့ ကြားရပေ၏။

၃၅။ ထို ဆင်၏ ကျောက်ကုန်းထက်၌ သန့်ရှင်းသော အ၀တ်စုံကို ၀တ်ဆင်ကာ တန်ဆာဆင်လျက် (တည်နေသော သင်) နတ်သမီးသည် နတ်သမီး အပေါင်း များစွာထက် အရောင်အဆင်းဖြင့် သာလွန် တင့်တယ်လှပေ၏။

၃၆။ နတ်သမီး သင်၏ဤအကျိုးသည် အလှူဒါန၏ အကျိုးပင်လော၊ သို့မဟုတ် အကျင့်(သီလ)၏ အကျိုးပင်လော၊ သို့မဟုတ် လက်အုပ်ချီမိုး ရှိခိုးခြင်းစသည်၏ အကျိုးပင်လော၊ ငါ မေးအပ်သော သင်သည် ထိုအကြောင်းကို ငါ့အား ဖြေကြားပါလော။

၃၇။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက် ၀မ်းသာ ဤ(မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား လျှောက်ထား၏။

၃၈။ အကျွန်ုပ်သည် (သာဝက) ဂုဏ်အားလုံးတို့နှင့် ပြည့်စုံသော ဈာန်ဝင်စားကာ ဈာန်၌ မွေ့လျော်သော သူတော်ကောင်းကို ဖူးမြင်ရ၍ အ၀တ်ခင်းထားလျက် ပဒုမာကြာပန်းတို့ဖြင့် ကြဲဖြန့်ထားသော နေရာကို ပေးလှူခဲ့ဘူးပါပြီ။

၃၉။ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ (ပဒုမာ ကြာစည်းမှ) ပဒုမာ ကြာပန်းထက်ဝက်ကို ရွက်ချပ်တို့နှင့်တကွ နေရာ၏ ပတ်ဝန်းကျင်၌ ကိုယ်ထိ လက်ရောက် ကြဲဖြန့်ခဲ့ဘူးပါပြီ။

၄၀။ အကျွန်ုပ်၏ ဤသို့သောအကျိုးသည် ထိုကုသိုလ်ကံ၏ အကျိုးပါတည်း၊ အကျွန်ုပ်ကို နတ်တို့က အရိုအသေလည်း ပြုပါ၏၊ အလေးအမြတ်လည်း ပြုပါ၏၊ ပူဇော်လည်း ပူဇော်ပါ၏။

၄၁။ အကြင်သူသည် ကြည်ညိုစိတ်ရှိသည် ဖြစ်၍ ကိလေသာတို့မှ ကောင်းစွာ လွတ်မြောက်ကုန်ပြီးသော အကျင့်မြတ်ကို ကျင့်လေ့ရှိကုန်သော သူတော်ကောင်းတို့အား နေရာကို ပေးလှူရာ၏၊ ထိုသူသည် ယခု အကျွန်ုပ် နှစ်သက် ၀မ်းမြောက်ရသကဲ့သို့ ဤအတူ ၀မ်းမြောက်ရမည်သာတည်း။

၄၂။ ထို့ကြောင့်ပင်လျှင် မိမိ၏ အစီးအပွါးကို အလိုရှိ၍ များမြတ်သော အကျိုးကို တောင့်တသူသည် အဆုံးစွန်သော ကိုယ်ကိုဆောင်သော ရဟန္တာပုဂ္ဂိုလ်တို့အား နေရာကို ပေးလှူသင့်၏။

ငါးခုမြောက်သော ကုဉ္ဇရ၀ိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment