ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 5 May 2011

၁။ သမ္မုတိပေယျာလ


၁။ ဘတ္တုဒ္ဒေသကသုတ်

ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းကို ဆွမ်းညွှန်ရဟန်း ဟူ၍ မသမုတ်အပ်။ (သမုတ်- သတ်မှတ်ပေး)

ယင်း ၅-မျိုးမှာ -

၁။ ဆန္ဒာဂတိသို့ လိုက်သည်။

၂။ ဒေါသဂတိသို့ လိုက်သည်။

၃။ မောဟဂတိသို့ လိုက်သည်။

၎။ ဘယာဂတိသို့ လိုက်သည်။

၅။ ညွှန့်အပ်ပြီး မညွှန်ရသေးသည်ကို မသိ။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းကို ဆွမ်းညွှန်ရဟန်းဟူ၍ သမုတ်အပ်သည်။

ယင်း ၅-မျိုးမှာ -

၁။ ဆန္ဒာဂတိသို့ မလိုက်။

၂။ ဒေါသဂတိသို့ မလိုက်။

၃။ မောဟဂတိသို့ မလိုက်။

၎။ ဘယာဂတိသို့ မလိုက်။

၅။ ညွှန့်အပ်ပြီး မညွှန်ရသေးသည်ကို သိသည်။

(ဆန္ဒာ - ချစ်ခင်မူကြောင့်၊ ဒေါသ - မုန်းမူကြောင့်၊ မောဟ - မသိမူကြောင့်၊ ဘယာ - ကြောက်မူကြောင့်၊ အဂတိ - မလိုက်သင့်သော ဘက်သို့ ဘက်လိုက်ခြင်း)


သမုတ်ခံရပြီးသော်လည်း မခိုင်းစေအပ်ကြောင်း၊

မိုက်သော ရဟန်းဟု သိအပ်ကြောင်း၊

ကိုယ့်ဂုဏ်ကို ကိုယ် ဖျက်ဆီးရာရောက်ကြောင်း၊

ငရဲသို့ ရောက်ကြောင်း တရား ၅-မျိုးမှာလည်း -

ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး လိုက်ခြင်းနှင့် ညွှန်ပြီး မညွှန်ရသေးသည်ကို မသိခြင်း များပင်ဖြစ်သည်။


သမုတ်ခံရပြီး စေခိုင်းအပ်ကြောင်း၊

ပညာရှိ ရဟန်းဟု သိအပ်ကြောင်း၊

ကိုယ့်ဂုဏ်ကို ကိုယ် ထိန်းထားရာရောက်ကြောင်း၊

နတ်ပြည်သို့ ရောက်ကြောင်း တရား ၅-မျိုးမှာလည်း -

ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး မလိုက်ခြင်းနှင့် ညွှန်ပြီး မညွှန်ရသေးသည်ကို သိခြင်း များပင်ဖြစ်သည်။

ပထမသုတ် ပြီး၏။

No comments:

Post a Comment