ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 3 May 2011

၆။ ပထမ အ၀ဏ္ဏာရဟသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ကျောင်းထိုင် ရဟန်းသည် ဆောင်ယူချထားသည်နှင့် မခြား အလားတူစွာ ငရဲ၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ (အန္ဓက ၀ိန္ဒ၀ဂ်၊ ၀ဏ္ဏနာသုတ်နှင့် တူသည်)

ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ကျောင်းထိုင်ရဟန်းသည် ဆောင်ယူချထားသည်နှင့် မခြား အလားတူစွာ နတ်ပြည်၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ - (အန္ဓက ၀ိန္ဒ၀ဂ်၊ ၀ဏ္ဏနာသုတ်နှင့် တူသည်)

ဆောင် - မချီးမွမ်းအပ်၊ ချီးမွမ်းတတ်နှင့်၊ ချီးအပ်သူကို၊ ကဲ့ရဲ ဆိုပြန်၊ အကြည်ညိုတန်၊ ကြည်ညိုပြန်လတ်၊ ကြည်ညိုအပ်သူ၊ သူ ငြူစူ၏၊ လှူသည့် ပစ္စည်း၊ သူဖျက်ဆီးသည်၊ ဤငါးလီ၊ ရောက်မည် ငရဲ ကျောင်းထိုင်မွဲ။

မှတ်ဖွယ် - နှစ်ဦးသား ဗာလတို့၊ မိုက်ကြသည့်အနေ။

တစ်ဦးသား ဗာလက၊ ရဟန္တာ ဧကန္တကို၊ ဤသူလျှင် ဒုဿီလ ဟု၊ မြွက်ဟ တုံပေ။

တစ်ဦးမှာ ဒုဿီလကို၊ ရဟန္တာ ဧကန္တဟု၊ ခွန်းနူတ်က မြွက်ခြွေသည်၊ ဆိုပုံလေ လွန်ရိုင်း။

နှစ်ပါးစုံ ထိုကံညစ်တွင်၊ အပြစ်ကယ် ဘယ်က လေးတယ်၊ မေး၏ ချင့်နိုင်း။ (မင်းကွန်း မေး)

နှစ်ဦးသား ဗာလတို့၊ မိုက်ကြသည့်အနေ။

တစ်ဦးသား ဗာလက၊ ရဟန္တာ ဧကန္တကို၊ ဤသူလျှင် ဒုဿီလ ဟု၊ မြွက်ဟ တုံပေ။

တစ်ဦးမှာ ဒုဿီလကို၊ ရဟန္တာ ဧကန္တဟု၊ ခွန်းနူတ်က ဖွင့်ချေသည်၊ ဆိုပုံလေ လွန်ရိုင်း။

နှစ်ပါးစုံ ထိုကံညစ်မှာ၊ အပြစ်ကယ် အတူရှိတယ်၊ မေး၏ မှန်တိုင်း။ (မန်လည် ဖြေ)


ဆဋ္ဌသုတ် ပြီး၏။

No comments:

Post a Comment