ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 4 May 2011

၁၀။ ပုဂ္ဂလပ္ပသာဒသုတ်


ရဟန်းတို့ ! ပုဂ္ဂိုလ်ကို ကြည်ညိုခြင်း အပြစ် ၅-မျိုးဟူသည်မှာ -

ပုဂ္ဂိုလ်တစ်ဦးဦးကို ပုဂ္ဂိုလ်စွဲ ကြည်ညိုမိလျှင် -

၁။ နှင်ထုတ်သင့်သော အပြစ်ကြောင့် သံဃာက နှင်ထုတ်ခဲ့မူ-

သူ့ကို ကြည်ညိုနေသူက “ငါချစ်ခင် မြတ်နိုးသူကို သံဃာက နှင်ထုတ်ပေးသည်” ဟု စဉ်းစားပြီး နှင်ထုတ်သူ ရဟန်းများအပေါ်၌ လည်းကောင်း၊


၂။ သံဃာထဲ မသွင်ဘဲ သံဃာ့အစွန်အဖျား၌ နေစေသင့်သော အစွန်အဖျား၌ နေစေသင့်သော အပြစ်ကြောင့် သံဃာက အစွန်အဖျား၌ နေစေခဲ့မူ -

သူ့ကို ကြည်ညိုနေသူက “ငါချစ်ခင် မြတ်နိုးသူကို သံဃာက အစွန်အဖျား၌ နေခိုင်းပေသည်” ဟု စဉ်းစားပြီး နေခိုင်းသူ ရဟန်းများအပေါ်၌ လည်းကောင်း -

မကြည်ညိုမူများ ဖြစ်တတ်သည်။

ရဟန်းတို့အပေါ် မကြည်ညိုမူများစွာဖြစ်လျှင် အခြားရဟန်းတို့ကိုလည်း မဆည်းကပ်တော့၊ မဆည်းကပ်လျှင် သူတော်ကောင်းတရားကို မနာယူရတော့၊ မနာယူရလျှင် သူတော်ကောင်းတရားမှ ဆုတ်ယုတ်တော့သည်။


၃။ အရပ်တပါးသို့ ပြောင်းသွားလျှင်လည်း -

သူ့ကို ကြည်ညိုနေသူက “ ငါ ချစ်ခင်မြတ်နိုးသူ တခြား ပြောင်းသွားပြီ၊ ဒီမှာ မရှိတော့” ဟု စဉ်းစားပြီး၍ လည်းကောင်း၊


၎။ လူထွက်သွားလျှင်လည်း -

သူကို ကြည်ညိုနေသူက “ငါချစ်ခင် မြတ်နိုးသူ လူထွက်သွားပြီ” ဟု စဉ်းစားပြီး၍ လည်းကောင်း၊


၅။ ကွယ်လွန်သွားလျှင်လည်း -

သူ့ကို ကြည်ညိုနေသူက “ငါချစ်ခင်မြတ်နိုးသူ ကွယ်လွန်သွားပြီ” ဟု စဉ်းစားပြီး၍ လည်းကောင်း -

အခြား ရဟန်းတို့ကိုလည်း မဆည်းကပ်တော့၊ မဆည်းကပ်လျှင် သူတော်ကောင်းတရားကို မနာယူရတော့၊ မနာယူရလျှင် သူတော်ကောင်းတရားမှ ဆုတ်ယုတ်တော့သည်။

ဆောင် - တစ်ဦးပုဂ္ဂိုလ်၊ ကြည်ညိုပိုကြောင့်၊ ထိုပုဂ္ဂိုလ်ယုတ်၊ နှင်ထုတ်ခံရ၊ ဒဏ်ခံရနှင့်၊ ပြောင်းကြွ ထွက်ခွါ၊ လူထွက်ကာ, သေ၊ ကြုံလေရရာ၊ များသံဃာကို၊ မကြည်ညိုခြင်း၊ ဖြစ်တုံလျင်း၊ မယွင်း ဖြစ်များစွာ။

ဒသမသုတ် ပြီး၏။

၅-ခုမြောက် ဒုစ္စရိတ၀ဂ် ပြီးပြီ။

ပဉ္စမ သုတ် ၅၀ - ပြီးပြီ။

No comments:

Post a Comment