ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 3 May 2011

၇။ ဒုတိယ အ၀ဏ္ဏာရဟသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ကျောင်းထိုင် ရဟန်းသည် ဆောင်ယူချထားသည်နှင့်မခြား အလားတူစွာ ငရဲ၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် မစိစစ်ဘဲ
ချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်း ပြောဆိုသည်။

၂။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင်မစိစစ်ဘဲ
ချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ ပြောဆိုသည်။

၃။ နေရာထိုင်ခင်း၌ နှမြော တွန့်တိုမူ မစ္ဆရိယ ပွါးတတ်သည်၊
မက်မော တွယ်တာသည်။

၎။ ဒါယကာတို့၌ နှမြော တွ့တိုမူ မစ္ဆရိယ ပွါးတတ်သည်၊
မက်မောတွယ်တာသည်။

၅။ သဒ္ဓါတရားဖြင့် လှူထားသော ပစ္စည်းကို ဖျက်ဆီးသည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ကျောင်းထိုင် ရဟန်းသည် ဆောင်ယူချထားသည်နှင့် မခြား အလားတူစွာ နတ်ပြည်၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် စိစစ်၍
မချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ ပြောဆိုသည်။

၂။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် စိစစ်၍
ချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်း ပြောဆိုသည်။

၃။ နေရာထိုင်ခင်း၌ နှမြော တွန့်တိုမူ မစ္ဆရိယ မပွါး၊
မမက်မော မတွယ်တာ။

၎။ ဒါယကာတို့၌ နှမြော တွန့်တိုမူ မစ္ဆရိယ မပွါး၊
မမက်မော မတွယ်တာ။

၅။ သဒ္ဓါတရားဖြင့် လှူထားသော ပစ္စည်းကို မဖျက်ဆီး။

ဆောင် - မချီးမွမ်းအပ်၊ ချီးမွမ်းတတ်နှင့်၊ ချီးအပ်သူကို၊ ကဲ့ရဲ့ ဆိုရှောင်း၊ ကျောင်းနှင့် ဒကာ၊ နှစ်ဖြာပေါ်ကို၊ သူတွန့်တိုတတ်၊ လှူအပ်ပစ္စည်း၊ သူ ဖျက်ဆီးသည်၊ ဤငါးလီ၊ ရောက်မည်ငရဲ ကျောင်းထိုင်မွဲ။

သတ္တမသုတ် ပြီး၏။

No comments:

Post a Comment