ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 17 May 2011

ချစ်သူရဲ့ ပုံပြင်

မေ ရယ်.....

ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စတွေဟာ မောင်အတွက်မထူးခြားပါဖူး မထူးဆန်တော့ဖူး မောင်သိမ့်လည်း မရှင်ပြခြင်းတော့ဖူး မေ။ မောင်အခုရှင်ပြတာလည်း မေ မောင်ကို အထင်လွဲပီထားခဲ့မှာ ဆိုလို့ပါ။ မောင်ဟာအခုချိန်ထိလူတွေရဲ့ အထင်လွဲမှားမှုတွေ အမြဲကြုံတွေ့နေရတာ မောင်အတွက်အလွန်းရိုးနေပါပီ။ မောင်ဟာ မောင် တစ်ယောက်တည်နေလို့ ဘာပြဿနာမှမဖြစ်ဖူး။ မောင်ဟာ မိတ်ဆွေနဲ့ သိပ်အကျိုးမပေးဖူး ထင်တယ်။ မောင်မိတ်ဆွေအတွက်နဲ့ မောင်မှာ အမြဲတမ်းပြဿနာတွေ ရှင်းနေရတယ်။ နောက်ပီ တချို့မိန်မတွေဆို မောင်နဲ့ ဘာမှမဖြင့်ခဲ့ဖူးတာတောင် သူတို့နဲ့မောင် သမီးရည်စာတွေဖြစ်နေသလိုလို ချစ်သူဖြစ်ပြီး မတော်မတရားဘဲ လုပ်လုပ်သလိုလိုနဲ့ အစကမောင် တော်တော်စိတ်ဓာတ်ပါကျတယ်။ နောက်ပိုင် ဘုန်းကြီးတွေ လူကြီးတွေရဲ့ ဆုံးမမှုတွေကြောင့် ခံသာလာတာပါ။ မောင်ဟာလူတွေကို ဘယ်လောက်ကူညီပါစေ။ မောင်လူတွေကူညီတာ အသက်ပါမသေတာ တစ်ခု အသက်စွန့်ခဲ့တာတွေ ရှိခဲ့ဖူးလည်း နောက်တော့အလကာဘဲ မောင်တရားနဲ့ ဖြေပါတယ်။ အတိတ်ဘ၀ရဲ့ ၀ဋ်ကြွေးတွေကြောင့် မောင်ဘာဘာဘဲလုပ်လုပ် အကောင်းမမြင် အပြစ်တင်နေတာဘဲလို့ မောင်တရားနဲ့ ဖြေပါတယ်မေ။ မေ အဲဒီ အီမေလ်အကောင့်ဟာ အများသုံးလို ဖြစ်နေတာဆိုတော့ မောင်လည်း စိတ်တော်တော်ညစ်တယ်မေရယ်။ မောင်ကပေးမသုံးလည်း အပြစ်ပြောအုံးမယ်။ အဲဒါမို့ မောင်ကပေးသုံးထားရတာပါ မောင်က ရှင်းရှင်းဘဲနေခြင်းပေမယ့် တစ်ခါတစ်လေတော့ လူမှုရေးအရ ပေးသုံးရတော့ ပြဿာက အခုလိုဖြင့်တာဘဲမေ။ တချို့ဆိုမောင် မသိအောင် မေးထဲ ဘာတွေလုပ်ထားမှန်တောင် မသိဖူး။ မောင်တော်တော် စိတ်ပျက်တယ်မေရယ်။



ဒါပေမယ့် ဖြစ်သမျှအကြောင်း အကောင်းဘဲလို့ မောင်ဖြေပါတယ်။ ဘုရားတောင် အစွပ်စွဲခံရသေတာဘဲ။ မောင်လို ဘာမှဟုတ်တဲ့ ပုထုဇဉ် လူသားတစ်ယောက်အတွက် မပြောပါလောက် ပါဖူး။ အတိတ်ရဲ့ အကုသိုလ်ကံတွေဘဲလို မောင်ဖြေသိပ်ပါတယ်မေ။ မေနဲ့ မောင်ဝေးမှာဆိုလိုသာ မောင်ဖြေရှင်နေရတာပါမေ။ နောက်မဟုတ်ရင် မောင်ဘာမှမရှင်ပြခြင်းတော့ဖူး။ အခုတလောမောင် အရမ်းကံနှိမ့်နေတယ်မေ။ ဒီတစ်လအတွင်းမှာ ပြဿနာတွေအများကြီးဘဲ ရှင်းနေရတယ်။ မောင်တော့ ဂေါက်သလိုလိုဖြင့်လာပီ အင်တာနက်မရ - ပိတ်ဆံတွေအတိုးမဲ့ ချေးထားပေးတဲ့ သူတွေလည်း ထွက်ပြေး -ပရင့်တာတွေလည်း ဆေးကြောင်း- ကွန်ပြူတာတွေလည်း ဖေါက်နေ- လူနဲ့ စိတ်နဲ့ တောင်မကပ်တော့ဖူးထင်တယ်။ ဒီကြာထဲ စင်ကာပူက လင်းလင်းတို့ရဲ့  ကိစ္စတွေ- အခုမေကအထင်လွဲ- စိတ်တောင် ဖေါက်လာသလိုလိုဘဲမေ။ မောင်မေကို သစ္စာမမဲ့တဲ့အကြောင်း - လင်လင်းတို့တွေအသိဆုံးပါ။ အဲဒါမို့သူတို့တွေကို မောင်အကူညီတောင်ထားတယ်။ သူတို့ စာရေးပီကူညီပေးမယ့်တဲ့ မောင်လည်း အဆက်သွယ်မလုပ်ခြင်းပေမယ် - မရတော့ဖူးလေး။ သူတို့မကူညီလည်း ကူညီမယ် သူမရှိတော့ဖူး။ သူက ဖုန်းတော့မပြောဖူးတဲ့ စာတော့ ရေးပို့ ပေးမယ်ပြောတယ်။ မောင်သူတို့ ကိုအောက်မကျို့ခြင်းလည်း အောက်ကျို့ခံရတော့မယ်လေ။





ဟင်းးးးးးးးးးးးးးးးးးးးးးးး - အခုအကိုနဲ့ ဖုန်းအဆက်သွယ်လုပ်မရဖူး။ သေဘာၤထြက္သြာပီ။ မောင်လည်း စိတ်တောင် ညစ်လာတယ်မေရယ်။ လက်ထပ်ပွဲ နီးလာလေး ပြဿနာတွေ - အနှောက်ယှက်တွေ များလေးလေးဘဲ။ ဒီရက် ၉၀ အတွင်း ဘာတွေထပ်ဖြင့် လာမယ်မသိတော့ဖူး။ မောင်တို့ မင်္ဂလာပွဲပျက်ရင် မေ ရှက်သလို မောင်လည် တော်တော်ရှက်ရမယ်။ ဟိုအုပ်စုက ဟာတိုက်မှာ အမျိုးတွေဆို တော်တော်နိုင်ကွက်ရမှာဘဲ။ မောင်တကယ် ပြောတာ မောင်မပြန်တော့ဖူး ရှက်လို့လေ။ အပြောတမျိုး အလုပ်တမျိုးဖြင့်ရင် အရမ်းရှက်စရာကောင်းတယ် မေ .................





လေလှိုင်ပေါ်မှာ မမနဲ့  မမကိုစတွေ့ခဲ့တာအမှတ်တမဲ့ပါ။ အမှတ်မထင် မေလ်ကိုရရှိခဲ့တဲ့ အချိန်က ယနေ့ထိတိုင်အောင် စွဲလမ်းနေတဲ့သူပါမမ။ အဲဒီ အွန်လှိုင်ဆိုတာ ဆုပ်ကိုင်ပြလို့ မရတဲ့ လေဟာနယ်ထဲက ဆက်သွယ်မှုအရာဆိုတော့ မေ ကိုမောင် ချစ်ခဲ့တာလည်း မသေချာမရေးမှုတွေနဲ့ ပြည့်နှက်နေတာ မဆန်ပါဖူးလေ။ မေနဲ့ မောင်အမှတ်တမဲ့ ဆုံတွေ့ ခဲ့တာတွေဟာ ဘ၀မှာ အမှတ်တရတွေများလာခဲ့ပီနော်။ ဟင်းးး သြော် ဘ၀ဆိုတာ တကယ်တော့ စိန်ခေါ်မှုတွေနဲ့ ပြည့်နှပ်နေတဲ့ နေရာပါ အဲဒီစိန်ခေါ်မှုတွေဟာ မောင်နဲ့မမတို့ရဲ့ အချစ်ရေးတွေမှာလည်း စိန်ခေါ်မှုတွေ များနေပါလာနော် ...........







ကျောင်းနေစဉ်အချိန်ထဲက သချာင်္ညံ့ခဲ့တဲ့ မောင်တစ်ယောက် မေကိုချစ်ခဲ့တာ ဘာတွက်ချက်မှုမှ မပါဘဲ အရိုးရှင်းဆုံးချစ်ခဲ့တာပါ မေ။ တကယ်တော့ ကြယ်လေးတွေဟာ ညမှထွက်ခွင့်ရကြတာပါ။ နေ့ ဖက်မှာ နေမင်ရဲ့ အရှိန်အ၀ါအလင်းရောင်ကို မယှဉ်နိုင်လို့  နေမင်းမရှိတဲ့ အမှောင်ထဲမှာမှ သူရဲ့ အလင်နဲ့ ထွန်းတောက်ခွင့်ရတာပါ မေ။ မောင်ဟာနေမင်းလို မေဘ၀မှာ ထွန်းတောက်ခွင့် မရခင်ရင်လည်း ကြယ်လေးတစ်စင်အဖြစ်နဲ့တော့ မေဘ၀ထဲမှာ အလင်းရောင်းပေးစွမ်းခွင့်ပြုပါမေ။ အချိန်နဲ့အမျှ ပြောင်းလွဲနေတဲ့ ဒီကမ္ဘာကြီး ကျနော်အချစ်တွေကတော့ ဘယ်တော့မှ မပြောင်းလွဲပေမယ် တနေ့ ထက်တနေ့ တိုးတိုးပီချစ်လာတာပါ။





မေ အတွက်မောင်ရဲ့ အသက်စွန့် လွှတ်ရဲတယ်ပြောရင်မေ ရီ(ရယ်)နေမှလာ ဟုတ်ပါတယ်။ ဒီသတ္တလောကကြီးမှာ ရှိရှိသမျှ သက်ရှိသတ္တ၀ါတွေတိုင်ဟာ ကိုယ့်ရဲ့ အသက်တန်းဖိုး ထားကြတယ်လေ။ ဒါပေမယ့် မောင်ကတော့ မောင်ရဲ့ အသက်ထက် မေ့ကိုတန်းဖိုးထားတယ်။ မေအတွက် မောင်ဟာအချစ်သူရဲကောင်းမဖြစ်တောင် အချစ်ကို အသက်ထက်တန်းဖိုးထားတဲ့သူ အချစ်အတွက် အရာရာကို စွန့် လွှတ်ရဲသူတစ်ယောက် အဖြစ် မေသိရင်တော်ပါပီ။ ချစ်သမိုင်းစာမျက်နှာမှာ မှတ်တမ်းမ၀င်တောင် မေရဲ့ နှလုံးသားတစ်နေရာမှာ မေအသိမှတ်ပြုရင် မောင်သေပျော်ပါပီ။





မေဟာ အနာဂတ်ဆိုတာမသိ ဘ၀ရဲ့ လမ်းကြောင်းပေါ် အလင်းမဲ့စွာ စမ်းတ၀ါးဝါးနဲ့ ဘ၀ဆိုတဲ့ လမ်းကြောင်းပေါ်မှာ အဓိပ္ပါယ်မဲ့စွာ လျှောက်နေရတဲ့ မောင်တစ်ယောက် မေနဲ့တွေ့တဲ့နေ့မှာ အရာရာကို တန်းဖိုးထာတတ်ခဲ့တယ်။ အမှောင်တွေ ဖုံးလွှမ်းနေတဲ့ မောင်ရဲ့ဘ၀မှာ မေဟာမောင်အတွက် မျှော်လင့်ခြင်းအလင်းရောင်းလေးပါ။ အဲဒီ အလင်းရောင်းလေးကို မောင်ဘ၀ကနေ ပျောက်ကွယ်သွာမှာ စိုးထိတ်နေမိတယ်မေ။ ငယ်စဉ်ဘ၀ ကျောင်းမှာထဲက သတ်ပုံမမှန်ခဲ့တဲ့ မောင်တစ်ယောက် မေကိုချစ်တဲ့အကြောင်တွေ စာစီးကုံးတဲ့ စာရွက်ပေါ်မှာ တခြား စာလုံးတွေ သက်ပုံတွေ ၀ါကျ တွေမှားခဲ့ပေမယ့် မောင်ဘယ်တော့မှ မမှားတဲ့ စကားလုံးတွေက မောင် မေကို သစ္စာရှိစွာနဲ့ ထာဝရချစ်ပါတယ်ဆိုတဲ့ စကားတွေပါဘဲမေ။





မောင်အတွက် မေဟာ အတော်ခံစားနေရပီနော်။ မောင်က မကောင်းတဲ့သူတစ်ယောက်ပါ။ ဘ၀မှာ အပူပင်ကင်းမဲ့စွာနဲ့ အချိန်ကိုအကျိုးစွာနဲ့ အသုံးချနေတဲ့ မေဟာမောင်အတွက် အချိန်ကုန်း လူပင်ပန်း စိတ်ပူပင်ပန်းစွာနဲ့  အချိန်တွေဖြုန်းတီးခဲ့ရတယ်။ မောင်ဟာမေဘ၀ ထဲမှာ ဘာမှအသုံးမ၀င်တဲ့ အမှိုက်တစပါဘဲ။ မောင်အတွက် မေအတော် ခံစာခဲ့ရတယ်နော်။ ကျနော်သည် ချစ်သူမေအတွက် ဘာမှအသုံးမ၀င်တဲ့ လူတစ်ယောက်ပါ။ ကျနော် ချစ်သူသည် သူ၏ တန်းဖိုးရှိသော အချိန်များသည် ကျနော်အတွက် အကျိုးမရှိစွာနဲ့  ဖြုန်းတီခဲ့ရသည်။ ကျနော်သည် ကျနော်ချစ်သူအတွက် ပူလောင်းစေခဲ့သည်။ ကျနော်သည် ကျနော်ချစ်သူကို သံသယများနဲ့ ချစ်ခဲ့သည် အတ္တကြီးစွာဖြင့်ချစ်ခဲ့သည့်အတွက် ကျနော်ချစ်သူသည် အလွန်းမှ စိတ်ဆင်းရဲစွာနဲ့  အနေခက်ခဲ့သည်။ ကျနော်သည် ချစ်သူကို အမှန်တိုင်ချစ်သော်လည်း ကံတရားမှ ကျနော်အချစ်ကို မုသာတွေအဖြင့် ပြောင်လွဲလိုက်သည်။ အမတန်မှ ဖြူစင်းတဲ့ ကျနော်ချစ်သူသည် ကျနော်အတွက် အရောင်းစွန်းထင်ခဲ့တယ်။ အလွန်မှ အေးချမ်းနေသော ကျနော် ချစ်သူဘ၀ကို ကျနော်သည် ပူလောင်းမှုတွေပေးခဲ့သည်။





ထို့ ကြောင့် ............ကျနော်သည် အသုံးမကျတဲ့ သူတစ်ယောက် ချစ်သူအတွက် ဘာမှအသုံးမကျတဲ့လူ ချစ်သူကို စိတ်ဆင်းရဲစေတဲ့သူ ချစ်သူကို နားကြဉ်အောင်လုပ်တဲ့သူ ချစ်သူကို စိတ်ချမ်းသာအောင် မထားတဲ့သူ ချစ်သူကို အချိန်တိုင်း ပူလောင်းစေတဲ့သူ ကျနော်အတွက် ချစ်သူကိုအချိန်တိုင် စိုးရိမ်းစေခဲ့သူ ထို့ကြောင့်ကို ဒဏ်ခတ်ပါတော့ အချစ်နတ်ဘုရား ။ ဒါပေမယ့် ကျနော်ချစ်မမနဲ့  ကွေကွင်း ဝေးကွာရမယ့် အပြစ်ဒဏ်ကလွဲလို့ ကြိုက်တဲ့ အပြစ်ဒဏ်ကို စီးရင်ပါ။ ချစ်သူနဲ့ ဝေးကွားမယ် အပြစ်ဒဏ်ဘဲထိုက်တန်းတယ်ဆို ကျနော် အသနားခံပါရစေ ကျနော်ကို သေဒဏ်သာပေးပါတော့ ခင်ဗျာ။ ချစ်သူနဲ့ ဝေးကွားမယ် ဆိုတာ သေတာထက်ပိုခံစားလို့ပါ။ ဒါကြောင့် ကျနော်ကို သေဒဏ်ဘဲ ပေးပါ။ ကျနော်ဘ၀မှာ စာအုပ်တစ်အုပ်ရယ်၊ ကွန်ပြူတာ တစ်စုံရယ်၊ ကော်ဖီတစ်ခွက်ရယ်၊ ရှိရင်ပြည့်စုံပီလို့ ထင်ခဲ့တာပါ။ အခုတော့ မေနဲ့ တွေတော့မှ မေအချစ်ကို ရရင်ဘ၀ မှာပြည့်စုံပီလို့ ထင်ခဲ့တာပါ။ မေ အချစ်ကိုရခဲ့ပေမယ့် မေကိုပိုင်ဆိုင်ခွင့်ရရင် ပိုပီပြည့်စုံမယ်လို့ တွေးမိတယ်။ ဆော်ရီနော် ကျနော် အတ္တကြီးသွာလားလို့ပါ။ ဟုတ်ကဲ့ ကျနော် မေကိုမရရင် သေရပါတော့မယ်ခင်ဗျာ။





လူဆိုတာ အိပ်ပျော်နေရင် ကမ္ဘာကြီးနဲ့ အဆက်သွယ် ပျက်သွားကြပီ ဆိုမှတော့ အသိဆိုတာ လက်လွှတ်ရမှတော့မေ။ လူတွေ ဟာ သူတို့ ချစ်သူကို အချိန်တိုင်ချစ်ပါတယ်ဆိုတာ မယုံနဲ့  နော်။ တစ်နေ့ မှာ 24 နာရီရှိတယ်နော် အဲဒီ 24နာရီမှာ မေကို 21 နာရီကတော့ အလေးနက်ထားပီ မောင်ချစ်နေတာပါ။ ဘာကြောင့်လည်းဆိုတော့ ကျန်တဲ့ 3နာရီက မောင် အိပ်နေလို့ ပါ။ ဒါဟာ မောင်ရဲ့ မေကိုချစ်နေတဲ့ အမှန်တရားကိုပြောတာပါ မေ။





အချစ်နတ်ထံ အစစ်ဆေးခံခြင်း





နေရာ - နှလုံးသား မြို့ တော် - အကြင်နာနန်းတော် - ပရိတ်သတ်ပေါင်း 1500 လာရောက်နာထောင်နေသည်။





အချစ်နတ် - ဟေ့ကောင်စောမောင် မင်ချစ်သူကိုဘယ်ကစတွေ့ တာလည်း?



ကျနော် - ဟုတ် ဟုတ်ကဲ့ခင်ဗျာ ကျနော် မမကို ဘလောဂ်တခုမှာ မမရဲ့ နာမည်လေးကိုတွေ့ တာကနေ စပြီး အခုထိချစ်နေတာပါ။





အချစ်နတ် - မင်း သူ့ကိုချစ်နေတာ ဘယ်လောက်ကြာပီလည်း?



ကျနော် - 1နှစ်ကျော်ပါပီ ခင်ဗျာ။





အချစ်နတ် - မင်းသူကို ဘာလို့ ချစ်တာလည်း?



ကျနော် - ကျနော် မမရဲ့ ရိုးသာမှုတွေ ဖယောင်ကေသာဆံနွယ်နက်နဲ့ အေးချမ်းတဲ့ အပြုံးတွေကြောင့်ပါ။





အချစ်နတ် - မင်းသင်္ခါရ တရားတွေ မသိဖူးလား?



ကျနော် - ဟုတ်ကဲ့သိပါတယ် ဒါပေမယ့် ကျနော်ရဲ့ မမကိုချစ်နေရတဲ့ အကြောင်းကို ပြောတာပါ။





အချစ်နတ် - မင်းချစ်သူအတွက် ပျော်ရွှင်အောင်ဘာများလုပ်ပေးနိုင်ခဲ့ဖူးလည်း?



ကျနော် - ဟုတ်ကဲ့ 1လမှာ ရက်ပေါင်း 30 ရှိပါတယ် အဲဒီရက်ပေါင်း 30အတွင်းလုံး ကျနော်အတွက် စိတ်ဆင်းရဲခဲ့ရပါတယ် ခင်ဗျာ။





အချစ်နတ် - မင်း သူကိုတကယ်ချစ်တာလာ ?



ကျနော် - ဗျား .... မေးရက်လိုက်တာ အချစ်နတ်ဘုရားရယ် ..... ဘယ်အရာနဲ့ မှ လှယ်လို့ မရအောင် အသက်ထက်တန်းဖိုးထားပြီး သူ့ကို သစ္စာရှိစွာနဲ့ ချစ်နေတာပါ ။





အချစ်နတ် - အချစ်ကို မင်းဘယ်လိုမြင်လည်း အမှန်တိုင်ပြော?



ကျနော် - ဟုတ်ကဲ့ ရယူပိုင်းဆိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ် ဟုတ်ကဲ့ ကျနော်အတ္တကြီးသွာလား ဟုတ်ကဲ့ မမနဲ့ ပတ်သတ်လာရင် ကျနော်အတ္တကြီးနေမှာပါ။





အချစ်နတ် - မင်းသူ့ ကိုဘယ်လောက်ချစ်လည်း ?



ကျနော် - ဟာဟာဟာ ရီိရတယ် ကျနော်ပြောခဲ့တယ်လေး ကျနော်သေမှ မမအသက်ရှင်မယ်ဆိုသေမို့  အဆင်သင့်ဘဲလို့။





အချစ်နတ် - သူကိုမင်းစွန့်လွှတ်ရမယ်ဆိုရင်ရော?



ကျနော် - ကျနော် သေလိုက်တာမှကောင်းမယ်။





အချစ်နတ် - သူ့ကို ဘယ်အချိန်ထိ ဘယ်လောက်ထိချစ်နေမှာလည်း?



ကျနော် - ဟုတ်ကဲ့ သေထိတိုင်အောင် ချစ်နေမယ်။







အချစ်နတ် - မင်သူကိုပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်?



ကျနော် - ဘုရားပေးတဲ့ ဆုလာဒ်ပါဘဲ အတိုင်းထက်အလွန် ကျနော်လောက်ပျော်မယ့်သူ လောကမှာရှိမယ် မထင်တော့ဖူး။





အချစ်နတ် - မင်သူကိုထာဝရချစ်နိုင်မလာ?



ကျနော် - မေးရက်လိုက်တာနော် ။







အချစ်နတ် - မင်း သူကြောင့် ဘာများစိတ်ဆင်ရဲခဲ့ရလည်း?



ကျနော် - ကျနော် ချစ်သူကြောင့် ကျနော် အချိန်တိုင် ပျော်ရွှင်နေရပါတယ်။





အချစ်နတ် - မင်ကို သူက ထားခဲ့မယ်ဆိုရင်?



ကျနော် - အလွန်းတရာ ပိတ်ပေါင်းအောင်မှောင်းနေတဲ့ ညမှာ အလွန်းတရာမှ အန္တာရယ်တွေ ဆူခလုတ်တွေနဲ့ ပြည့်နေတဲ့ ချောက်ကမ်းပါးပေါ်မှာ မှိတ်တုတ်တုတ် ဆီးမီးအလင်းရောက်ကို အားကိုပီ ခရီးသွာနေတဲ့ လူတစ်ယောက်ဟာ သူအားကိုနေတဲ့ အဲဒီအလင်းရောင်းမရှိရင် သူဘာဆက်လုပ်မယ် ဘယ်ခံစာရမယ် ဆိုတာပြောကြည့်ပါ ခင်ဗျာ။





အချစ်နတ် - အေ အဲဒီအချိန်မှာ သူအတွက် အဲဒီအလင်းရောင်း ပျောက်ကွယ်တာနဲ့ သူခရီးလမ်းမှာ ဆူခလုတ်တွေ တိုတ်မိမယ် နောက်ပီ အမှောင်းထဲမှာ စမ်းတ၀ါးဝါးနဲ့ ဆိုတော့ ချောက်ကမ်းပါပေါ်က ပြုတ်ကျမယ် နောက်ဆုံးသေသွာနိုင်တယ်။



ကျနော် - ဟုတ်ကဲ့ မမလည်း ကျနော်ကိုထားခဲ့ရင် ကျနော်လည်း အဲသလိုဘဲဖြင့်မှာပါ အဲဒီထက်ပိုဆိုးသွာနိုင်တယ်။







အချစ်နတ် - မင်းမုသာတွေပြောနေတာလာ?



ကျနော် - ဟုတ်ကဲ့ ကျနော် အမေ ကျနော်ကို အဲဒီစကာရဲ့ အဓိပ္ပါယ်ကိုမသင်ပေးခဲ့ဖူး ကျနော်နာမလည်းဖူးခင်ဗျာ။





အချစ်နတ် - ဟုတ်ပီ မင်းသူကိုလက်ထပ်ခွင့်ရခဲ့ပီ ပိုင်ဆိုင်ခွင့်ရခဲ့ပီဆို မင်သူကိုဘယ်လို ထားမလည်း စိတ်ဆင်ရဲအောင်လုပ်မှာလား?



ကျနော် - ဟုတ်.... ဟုတ်ကဲ့ ကျနော်က မမကို လက်ထပ်တယ်ဆိုတာ ပျော်ရွှင်ခြင်းလို့ အတူတူနေတာပါ။ အတူတူနေမှ စိတ်မဆင်းရဲစေရဖူးလို့ ကျနော် ကတိပေးပါတယ်။





အချစ်နတ်- ကောင်းပီ မင်းဘ၀မှာ ဘယ်သူကိုအချစ်ဆုံးလည်း?



ကျနော် - အမေနဲ့  မမနဲ့ ပါ။





အချစ်နတ် - ကောင်းပီ မင်းရဲ့ ပထမဆုံးချစ်တဲ့ အချစ်ဦးဟာ ဘယ်သူလည်း?



ကျနော် - မမပါဗျား မမဟာကျနော်အချစ်ဦးလေးပါ ကျနော်အမှန်တိုင်ပါဘဲပြောတာပါ။





အချစ်နတ် - ကောင်းပီ ကယ်ကယ် ငါတော့ပြောစရာမရှိတော့ဖူး။ ကယ် .. 8 လပိုင်း လက်ထပ်မယ်ဆိုတော့ ကောင်မလေးရဲ့ သဘောထားက ဘယ်လိုရှိလည်း အချိန်နီးနေပီ သူကတော့ ကောင်မလေးကို တော်တော်ချစ်နေတာကွယ့်။



ကျနော် - မမ ကျနော်ကို မရက်စက်ပါနဲ့နော် ကျနော်အမှန်တိုင်ပြော နေတာပါ (မမရဲ့ အဖြေကိုရင်ခုန်စွာနဲ့ စောင့်နေပါတယ်)





ချစ်သူ - အသက်ထက်မကကို အရမ်းချစ်တာပါ အရှင်နတ်မင်းကြီး....ဟင့်။



ကျနော် - ဗျားးးးးးးးးးး ၀မ်းသားလိုက်တာ ချစ်မမရယ်....... အာာာာာာာာဘွာာာာာာာာာာာာာ





(ဒီစာရေးနေတဲ့ အချိန်ဟာ ထိုင်းစံတော်ချိန် ည 12 နာခွဲနေပါပီ။ မမ ဒီစာတွေကို မဖြတ်ပစ်ပါနဲ့ဗျာ။ ကျနော်ကို လူတွေက ရူးနေတယ်ဆိုလည်း သေချာတာတစ်ခုကတော့ ကျွန်တော်ဟာ အချစ်ရူးလေးပါလို့)





ဒါက ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို မယုံနိုင်လောက်အောင် လိမ်ညာ လှည့်စား သွားခဲ့တဲ့ ဖြစ်ရပ်မှန် ပုံပြင်လေးတစ်ပုဒ်ပါ။ ဒီပုံပြင်ထဲက ကောင်လေးကတော့ ခုချိန်မှာ အချစ်သစ်နဲ့ပျော်နေပြီဆိုပေမယ့် ဒီကောင်မလေးရင်ထဲမှာ ဘယ်လိုဖြစ်နေပြီလဲ ဆိုတာကို ဒီစာဖတ်ပြီးသခဲ့ကြမယ်ဆိုရင်ဖြင့် သူငယ်ချင်းတို့ ပြောပြပါလား။ မချစ်တော့လို့ထားခဲ့တာထက် ကောင်မလေးရဲ့ ပိုင်ဆိုင်မူတွေစတဲ့ အရားအားလုံးကို ဖြတ်ဆီးပစ်ပြီးမှ ထားခဲ့တာမို့ ကျွန်မတော့ ဒီကောင်မလေးရင်ထဲ ဘယ်လိုဖြစ်နေလဲဆိုတာ ပြောမပြတ်အောင်ပါပဲရှင်။



သစ္စာခရီးသည်၏ သစ္စာမဲ့သော ပုံပြင်တစ်ပုဒ်ပါ။ မယုံရင် ပုံပြင်မှတ်ပြီးဖတ်ပေးကြပါ။ သူကိုယ်တိုင်ရေးပို့ပြီး တင်ပေးခိုင်းခဲ့တဲ့ ပိုစ့်လေးတစ်ပုဒ်ဖြစ်ပါတယ်။



လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

No comments:

Post a Comment