ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 1 May 2011

၂။ ပိယသုတ်


ရဟန်းတို့ ! တရား ၅-မျိုးနှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်အပ်မြတ်နိုးအပ် အလေးအမြတ်ပြုအပ်သူ သူတပါးတို့ ကြည်ညိုလေးစားမူကို တိုးပွါးစေနိုင်သူ ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ သီလရှိသည်။

၂။ ဗဟုသုတရှိသည်။

၃။ ကောင်းသော စကားရှိသည်။

၎။ ရူပါဝစရ ဈာန် ၄-ပါးတို့ကို မငြိုမငြင် မပန်မပန်း အလိုရှိတိုင်း ရသည်။

၅။ ရဟန္တာဖြစ်သွားသည် (အကျယ်ကို ထေရ၀ဂ်၊ သီလ၀န္တသုတ်အတိုင်း သိလေ)

ဆောင် - သီလလည်းရှိ၊ ကြားမြင်ရှိ၍၊ ကောင်းသည့် စကား၊ ဈာန်လေးပါးရ၊ အရဟတ္တဖိုလ်၊ ရသူကိုလျှင်၊ ကျောင်းထိုင်ရှင်၊ လူရှင်အများ ကြည်ညိုပွါး။

ဒုတိယသုတ် ပြီး၏။

No comments:

Post a Comment