ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 17 May 2011

ပြိတ္တာအမျိုးမျိုး


ဤပေတ၀တ္ထုပါဠိတော် မြန်မာပြန်အတွက် မှတ်သားဖွယ်ရာတွင် ပရဒတ္တူပဇိဝိက အမျိုးအစားဝင် ပြိတ္တာတို့အကြောင်းကို အထူးအားဖြင့် ဖော်ပြရေးသားရမည် ဖြစ်သော်လည်း ပြိတ္တာတို့၏ အကြောင်းနှင့်စပ်၍ လောကပညတ္တိကျမ်း ဆဂတိဒီပနီကျမ်းတို့၌လာသော ပြိတ္တာတို့ကို ဖော်ပြအပ်ပေသည်။

ဟိမ၀န္တာတောင်၏ နံပါးဝယ် ၀ိဉ္ဈာဋ၀ီမည်သော တောအုပ်ကြီး၌ (ဂိဇ္ဈကုဋ်တောင်၌) ပြိတ္တာတို့၏ မြို့ကြီးသည် ရှိ၏၊ ထိုပြိတ္တာမြို့၌ အောက်ပါပြိတ္တာတစ်ဆယ့်နှစ်မျိုးတို့ ရှိကြကုန်၏။

(၁) ၀န္တာသပြိတ္တာမျိုး (အလွန်ထမင်းငတ်ခြင်း ရေမွတ်သိပ်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ တရံတဆစ်မျှ ထမင်းဘောဇဉ်ကို စားခြင်းငှါ မရ၊ သူတပါးတို့ စွန့်ပစ်အပ်သော တံတွေးနှပ် အန်ဖတ်တို့ကို စားရသော ပြိတ္တာမျိုး)။

(၂) ကုဏပါသပြိတ္တာမျိုး (အကောင်ပုပ်ကို စားသောပြိတ္တာမျိုးတည်း၊ မြွေကောင်ပုပ်, ခွေးကောင်ပုပ်, လူကောင်ပုပ်စသည်တို့ကို ရသောအခါ စားရ၍ မရသောအခါ ငတ်မွတ်ခြင်းဖြင့် ဆင်းရဲခံနေရသော ပြိတ္တာမျိုး)။

(၃) ဂူထခါဒကပြိတ္တာမျိုး (မစင်ကို စားရသော ပြိတ္တာမျိုး)။

(၄) အဂ္ဂိဇာလမုခပြိတ္တာမျိုး (နေ့ညဉ့်ပတ်လုံး ခံတွင်းမှ မီးလျှံထွက်သော ပြိတ္တာမျိုးတည်း၊ ထိုမီးလျှံသည် ပြိတ္တာ၏ လျှာနူတ်ခမ်းတို့ကို လောင်လျက် အပြင်သို့ တယူဇနာထွက်ပြေး၏)။

(၅) သူစိမုခပြိတ္တာမျိုး (အပ်နဖား ပေါက်မျှ ခံတွင်းရှိသော ပြိတ္တာမျိုးတည်း၊ ထိုပြိတ္တာသည် ကြီးသောကိုယ် ရှည်သောလည် ရှိ၏၊ ခံတွင်းကား အပ်နဖားပေါက်မျှသာ ရှိ၏၊ အစာကို ရသောအခါ ခံတွင်းအလွန်ကျဉ်းသောကြောင့် ခံတွင်းဖြင့် မျိုခြင်းငှာ မတတ်နိုင်သဖြင့် နားပေါက် နှာခေါင်းပေါက်ဖြင့် သွတ်သွင်း၏၊ အနည်းငယ်မျှ သာယာမူကို မရ၊ ကာလရှည်မြင့်စွာ ငတ်မွတ်ဆာလောင်၍ နေသော ပြိတ္တာမျိုးဖြစ်၏)။

(၆) တဏှာဋ္ဋိတပြိတ္တာမျိုး (ရေမွတ်သိပ်မူ တဏှာဖြင့် နှိပ်စက်အပ်သော ပြိတ္တာမျိုး၊ ထိုပြိတ္တာသည် တရံတခါမဆ သောက်ရေကို မရ၊ ရေငတ်ခြင်း ပြင်းပြလှသဖြင့် ရေတွင်း ရေကန် ထုံးအိုင် မြစ်ချောင်း သမုဒ္ဒရာရှိရာသို့ ကပ်ရောက်သောအခါ ထိုရေတွင်း ရေကန်စသည်သည် ပြည်သွေး ကျင်ကြီး ကျင်ငယ် ဖွဲပြာကဲ့သို့ ထင်ရလေ၏)။

(၇) သုနိဇ္ဈာမကပြိတ္တာမျိုး (လွန်စွာ အကြွင်းမဲ့ လောင်မြိုက်သော မီးလောင်ငုတ်နှင့် တူသည့် ပြိတ္တာမျိုး)။

(၈) သတ္ထင်္ဂပြိတ္တာမျိုး (ဓားလက်နက်နှင့်တူသော အင်္ဂါရှိသော ပြိတ္တာမျိုး၊ ထိုပြိတ္တာသည် ဓားသွား ငါးမျှားချိတ်နှင့်တူသော လက်သည်း ခြေသည်းအင်္ဂါတို့ဖြင့် မိမိကိုယ်အင်္ဂါတို့ကို ကုတ်ဖဲ့ဖြတ်ကော်၍ အသားအသွေးတို့ကို စား၏)။

(၉) ပဗ္ဗတင်္ဂပြိတ္တာမျိုး (နေ့ရောညဉ့်ပါ လောင်မြိုက်၍ အခိုးပြိုက်ပြိုက်ထွက်သော တောင်ပမာဏလောက်သော ကိုယ်ရှိသည့် ပြိတ္တာမျိုး)။

(၁၀) အဇရင်္ဂပြိတ္တာမျိုး (အလျှံတပြောင်ပြောင် တောက်လောင်သော စပါးကြီးမြွေနှင့် တူသော ကိုယ်ဖြင့် ညဉ့်၌ လှည့်လည်သွားလာ၍ နေ့၌ အထူးထူးသော ဒုက္ခကို ခံစားနေရသည့် ပြိတ္တာမျိုး)။

(၁၁) ဝေမာနိကပြိတ္တာများ (ကုသိုလ် အကုသိုလ်ရောသောကံ “မိဿက ကံ” ကြောင့် ဗိမာန်၌ ဖြစ်သော ပြိတ္တာမျိုး၊ ရံခါ ကုသိုလ်အကျိုးကြောင့် နတ်ဗိမာန်၌ နတ်စည်းစိမ်ကို ခံစားရ၏၊ ရံခါ အကုသိုလ်အကျိုးကြောင့် ဒုက္ခကို ခံစားရ၏)။

(၁၂) မဟိဒ္ဓိကပြိတ္တာမျိုး (ကံ၏ အကျိုးကြောင်း တန်ခိုးကြီးမား၍ ပြိတ္တာအားလုံးတို့၏ အကြီးအမှူးသဖွယ်ဖြစ်ကာ အလွန်အဆင်းလှ အလွန်စည်းစိမ်ကြီးမားသကဲ့သို့ ထင်ရသော်လည်း ဘောဇဉ်ကို မစားရ၊ ရံခါ ထမင်းအဖျော်စသည်ကို ရသော်လည်း သုံးဆောင်ခံစားခွင့်မရ ဒုက္ခအလွန်ကြီးသော ပြိတ္တာမျိုး)။

ဤသို့ ထင်ရှားသည်ကိုစွဲ၍သာ ပြိတ္တာ ၁၂-မျိုးဟု ဆိုသော်လည်း ပြိတ္တာတို့ကား အမျိုးအမည်များလှကုန်၏၊ ထိုဆဂတိဒီပနီကျမ်း၌ပင် သူစိလောမပြိတ္တာမျိုး, ခရလောမပြိတ္တာမျိုး, ဒီဃနခပြိတ္တာမျိုး, ဧကနေတ္တပြိတ္တာမျိုး, အနေကနေတ္တပြိတ္တာမျိုး, ဧကဟတ္ထပြိတ္တာမျိုး, အနေကဟတ္ထပြိတ္တာမျိုး, ဧကနေတ္တပြိတ္တာမျိုး, အနေကနေတ္တပြိတ္တာမျိုး အစသည်ဖြင့် ရှိကုန်သေး၏။ ၁

ထိုမှတပါးလည်း ပါရာဖီကဏ်ပါဠိတော် -၂ ၌ ၎င်း သံယုတ်ပါဠိတော် -၃ ၌ ၎င်း ပြိတ္တာ ၂၁-မျိုးလာရှိသေး၏၊ ၎င်းတို့ကို ဆိုင်ရာ ပါဠိတော် မြန်မာပြန်တို့၌ ကြည့်ရူမှတ်သားနိုင်ရန် ဆက်လက်ဖော်ပြပေးပါမည်။

ဤဖော်ပြပြီးသော ပြိတ္တာအမျိုးမျိုးတို့သည် မူလဖော်ပြရာ ပရဒတ္တူပဇီဝိကစသော ပြိတ္တာမျိုး လေးပါးတို့၌ ထိုက်သည့်အားလျော်စွာ အကျုံးဝင်ကုန်၏၊ ဤပြိတ္တာမျိုးတို့သည် မည်မျှပင် ဆင်းရဲဒုက္ခကို ခံစားနေရငြားသော်လည်း မိမိအား ရည်ညွှန်းလှူဒါန်း၍ အမျှပေးဝေသည်ကို ပရဒတ္တူပဇီဝိကပြိတ္တာမျိုး၌ ဖြစ်၍ ၀မ်းမြောက်စွာ သာဓုအနုမောဓနာ ခ်ါနိုင်ခဲ့ပါမူ ခံစားနေရသော ဆင်းရဲဒုက္ခများ ကွယ်ပျောက်၍ တခဏခြင်းပင် ချမ်းသာအမျိုးမျိုးကို ခံစားနိုင်ကြပေသည်။

ထိုပရဒတ္တူပဇီဝိကပြိတ္တာအမျိုးအစားနှင့် ပတ်သက်၍ ပေတ၀တ္ထုအဋ္ဌကထာ၌ လာရှိသော တိရောကုဋ္ဋသုတ်အဖွင့်ကို ဆက်လက်ဖော်ပြပေးပါမည်။

No comments:

Post a Comment